Asahi's Story 💭

593 87 0
                                    

🤖; မင်းကိုစောင့်နေတာ Kim Junkyu

🐨; ငါ့ကို ဘယ်လိုသိ

🤖; Haruto ခဏလောက် အပြင်ထွက်ပေးပါလား၊ Junkyuနဲ့ နှစ်ယောက်တည်း ပြောစရာ ရှိလို့

🦙; wae
မကျေနပ်သလို စိုက်ကြည့်နေတဲ့ Harutoကို Asahi လန့်နေမိသည်။

🐨; ခဏပဲနော်

Junkyu ပြောလိုက်တော့မှ မျက်နှာ‌က ချိုလာကာ

🦙; Junkyu ya တစ်ခုခုဆို ကျွန်တော့်ကို ခေါ်လိုက်နော်၊ ဒီရှေ့တင် စောင့်နေမယ်

ပြောရင်း သူ့လက်ကို Junkyuရဲ့ ပါးနှစ်ဖက်နှင့် ထိကပ်ထားပြီးနောက် ထွက်သွားလေသည်။

💭🐨; 'ဒီကောင်လေးကတော့'

Haruto အပြင်ထွက်သွားပြီးနောက် Asahiက ပြောသည်၊

🤖; Junkyu ssi, ငါ မင်းရဲ့ အကူအညီကို လိုနေတယ်၊ ကျေးဇူးပြုပြီး ဖြစ်နိုင်ရင် ကူညီပေးပါ

🐨; ??

🤖; မင်းက ဟိုဘက် ကမ္ဘာက လာခဲ့တာ ငါ သိတယ်၊ ငါလည်း မင်းလိုပဲ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆုတောင်းမှားပြီး ရောက်လာခဲ့တာ

🐨; ဘယ်လို

_________________🤖________________

Asahi ရဲ့ အဖေ ဆုံးသွားတဲ့နောက် ကုမ္ပဏီလုပ်ငန်းတွေ အကြွေးပိပြီး ဒေဝါလီ ခံရတဲ့အချိန် Asahiရဲ့ အမေက ကျန်းမာရေးထိခိုက်ပြီး အိပ်ယာထဲ လဲသွားခဲ့တယ်၊

အဲ့အချိန် မှတ်မှတ်ရရ ကြယ်ရောင်တွေ တဖြက်ဖြက် တောက်ပနေတဲ့ တစ်ခုသော လကွယ်ည၊
Asahiနဲ့ သူ့ညီမလေး ခုံတန်းလျားတစ်ခုပေါ် ထိုင်ရင်း စကားပြောနေခဲ့ကြတယ်၊

သူ့ညီမလေးကို မကြာခင်မှာ လူငယ်ဖွံ့ဖြိုးရေးကျောင်းကို ပို့ရတော့မယ်ဆိုတာ Asahi သိထားတယ်၊
လူငယ်ဖွံ့ဖြိုးရေးကျောင်း ဆိုတာ တကယ်တော့ မိဘမဲ့ဂေဟာ ပါပဲ၊

Asahiကိုယ်တိုင်ကလည်း ကျောင်းက ထွက်ပြီး အလုပ်တစ်ခုခု လုပ်မှ ရမယ်၊
သူ့ညီမလေးကို စောင့်ရှောက်ဖို့ သူကြိုးစား ရမယ်လေ၊

အဲ့ညမှာ သူ ကောင်းကင်ကြီးကို ကြည့်ရင်း
အတောက်ပဆုံး ကြယ်လေးတစ်လုံးဆီ ပြုံးလိုက်ရင်း ဆုတောင်းတယ်၊

Treasure High I (Completed)Where stories live. Discover now