Junkyu တစ်ယောက် တစ်ဖက်ကမ္ဘာကို ရောက်ပြီးနောက် Yedamဆိုသူကို သွားတွေ့သည်။
Yedamနဲ့အတူ Asahi ညီမလေးရှိရာ Sunrise လူငယ်ဖွံ့ဖြိုးရေးကျောင်းကို ရောက်လာခဲ့သည်။
🦊; ကျွန်တော်နဲ့ Asahiက ငယ်ငယ်လေးကတည်းက ပေါင်းလာခဲ့ကြတာ၊ Asahiက တော်ရုံ သူ့ခံစားချက်တွေကို ထုတ်မပြောတတ်ပေမဲ့ သူ့ညီမလေးကိုတော့ အရမ်း ဂရုစိုက်ပေးတတ်တယ်၊ ညီမလေးအတွက် Asuka ဆိုတဲ့ နာမည်လေးကို သူကိုယ်တိုင် ရွေးပေးခဲ့တာ၊ ဘဝရဲ့ မနက်ဖြန်တိုင်းမှာ အမွှေးရနံ့သင်းပျံ့နေအောင်လို့ တဲ့။
🐨; Asahiလည်း သူ့ညီမလေးအတွက် တော်တော်လေး စိတ်ပူနေခဲ့ရမှာပဲ
🦊; အင်း
____________________________________
Sunrise လူငယ်ဖွံ့ဖြိုးရေးကျောင်းရဲ့ ကျောင်းအုပ်ရုံးခန်းတွင် နှစ်ယောက်သား Asuka နာမည်နဲ့ ကလေးမလေးတစ်ယောက်ရှိမရှိ မေးကြည့်ရာ..
"သူ့ကို လွန်ခဲ့တဲ့ လက Kenamoto မိသားစုကနေ မွေးစားသွားတယ်"
🦊🐨; ဘာ??
"Kenamotoမိသားစုအိမ် လိပ်စာကို ပေးလိုက်မယ်၊ ဒါက ကျွန်တော်တို့ဘက်က လုပ်ပေးနိုင်တာ အကုန်ပါပဲ"
ဒီလိုနဲ့ နှစ်ယောက်သား Kenamotoအိမ်ကို သွားရပြန်သည်။
ကံကောင်းစွာပဲ မိသားစုက သဘောကောင်းပြီး သူတို့ကို Asukaနဲ့ တွေ့ခွင့်ပေးခဲ့သည်။
🐨; အစ်ကိုတို့က Asahiရဲ့ သူငယ်ချင်းတွေပါ၊ ညီမလေးရဲ့ အစ်ကိုက ညီမလေးကို အရမ်း သတိရနေတယ်၊ ပြီးတော့ စိတ်လည်းပူနေတယ်
Asahiဆိုတဲ့ အသံကြားတော့ ကလေးမလေးက တစ်ခဏ ငိုင်နေပြီးမှ ရှိုက်ကာ ငိုလေတော့သည်။
"ကိုကြီးက ဘာလို့...ဘာလို့ ထားသွား...အခု..အဆင်..ပြေရဲ့လားဟင်.."
🐨; Asahiက Asukaကို ဒီဆွဲကြိုးလေး ပေးခိုင်းလိုက်တယ်၊ သူက ညီမလေးရဲ့ ရင်ဘက်ထဲမှာ အမြဲ အတူ ရှိနေမှာပါ
"ကိုကြီး....😭"
🦊; Asukaလေး ကောင်းကောင်းနေနေတာ Asahiသိရင် ဝမ်းသာမှာပါ၊ မငိုနဲ့တော့နော်
Junkyuနဲ့ Yedamတို့ Asukaလေးကို နှစ်သိမ့်ပေးပြီးနောက် Kenamotoမိသားစုကို နှုတ်ဆက်ကာ ပြန်တော့မည့်အချိန်..
YOU ARE READING
Treasure High I (Completed)
Fanfictionအခက်ခဲဆုံး အချိန်မှာ တောင်းတဲ့ဆုတွေက တကယ် ပြည့်လာတတ်တယ်🌟 နွေးထွေးတဲ့ နေရာလေးတစ်ခု နဲ့ နှလုံးသားထဲက အသံကို နားထောင်ပေးမယ့် လူတစ်ယောက်🌟 Treasure fanfic (Harukyu at treasure high) Just For Fun ♪┌|∵|┘♪