Junkyuရဲ့ ခေါင်းထဲမှာ ကမ္ဘာနှစ်ခုစာ ရှုပ်ထွေးနေသည်၊
သူသိထားတဲ့ Mashiမဟုတ်တဲ့ Mashihoရှေ့မှာ သူ ဆက်ပြီး ဟန်ဆောင်မနေတတ်တော့သဖြင့် ခန်းမအပြင် ထွက်လာသည်၊
စတုတ္ထထပ် ကနေ လှေကားတွေ တစ်ထစ်ပြီး တစ်ထစ် ပြေးဆင်းလာခဲ့သည်၊
ကျောင်းသားတိုင်းလိုလို ခန်းမထဲ ရောက်နေကြသဖြင့် တခြား လူနေအထပ်တွေမှာ တစ်ယောက်မှ မရှိ၊
Junkyuလည်း အောက်ဆုံးထပ် ဧည့်ခန်းတွင် သူ့အတွေးတွေ ရှင်းသွားအောင် အချိန်အတော်ကြာ ထိုင်နေမိသည်။
ထိုစဉ်
🌼; ဟိုကျောင်းသား ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ🐨; အဲ..Jihoon...မှားလို့..ဆ..ဆရာPark Jihoon
🌼; မင်းကို တွေ့လိုက်ရင် တစ်ချိန်လုံး လဒကြီးလို မှိုင်နေတာပဲ၊ ဒီအရွယ်ဆိုတာ တက်တက်ကြွကြွ ဖြစ်နေရမှာ
💭 🐼; kyu..ဒီအရွယ်ဆိုတာ တက်တက်ကြွကြွဖြစ်နေရမှာ၊ လာ ငါတို့ အပြင်ထွက်ရအောင်...
Jihoon ပြောတဲ့ စကားတွေ နားထဲ ကြားယောင်လာပြန်သည်။ဆရာပတ်က Jihoonနဲ့ မျက်မှန်ပါတာက လွှဲရင် ချွတ်စွတ် တူလွန်းနေသဖြင့် ခေါင်းတွေ မူးနောက် လာပြန်သည်။
🐨; ကျွန်..ကျွန်တော် သွားလိုက်ပါဦးမယ်
ပြောကာ အဆောင်အပေါ်ထပ်ကို ပြန်တက်လာမိသည်။
တတိယထပ်သို့ ရောက်တဲ့အချိန် လူက အားသိပ်မရှိတော့၊
Junkyu လည်း အဆောင်အခန်းကိုပဲ ပြန်မယ် စိတ်ကူးကာ အားတင်း လျှောက်လာချိန်
တံခါးရှေ့တွင် Haruto ကို တွေ့လိုက်ရသည်။🦙; Junkyu ya ဘယ်သွားနေတာလဲ၊ ကျွန်တော် အရမ်း စိတ်ပူနေတာ၊ ရုတ်တရတ် Toiletသွားမယ်ပြောပြီး ထွက်သွားတာ တော်တော်ကြာတဲ့ အထိ ပြန်ရောက်မလာဘူး၊ အဲ့ဒါနဲ့ လိုက်ရှာရင်း Toiletတွေထဲ မတွေ့တော့ အခန်းကို ပြန်လာရှာတာ၊ အဲ့လို ထွက်သွား...
🐨; ခဏ
Haruto အသက်တောင် မရှုပဲ ဆက်တိုက် စကားပြောနေတာကို ရပ်ရန် သူ့ နှုတ်ခမ်းကို Junkyu လက်ဖြင့် ပိတ်လိုက်ပြီး🐨; ကိုယ် အရမ်းပင်ပန်းနေလို့၊ ခဏ နားလို့ ရမလား
🦙; ...ပြူးကြောင်ကြောင် ကြည့်နေတဲ့ Rutoကို ဘေးဖယ်ခိုင်းပြီး အခန်းထဲ ဝင်သွားလိုက်သည်။
အိပ်ရာပေါ်မှာ မျက်လုံးမှိတ်ကာ လှဲလိုက်သော်လည်း အတွေးတွေက ပျောက်မသွား၊
အတွေးတွေ ပြန်ပေါ်မလာအောင် အတင်း မကြိုးစားတော့ဘဲ လျော့ချ လိုက်တဲ့အခါ မျက်ရည်ပူတွေ စီးကျလာခဲ့သည်။Rutoလည်း အခန်းထဲကို ဝင်လာရင်း Junkyu ငိုနေတာ တွေ့သောအခါ ဘာမှမပြောတော့ဘဲ အိပ်ရာဘေးကို သွားလိုက်သည်။
Junkyu မျက်ရည်တွေကို သုတ်ပေးလိုက်သည်၊
Junkyuက မျက်လုံးဖွင့်ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး
🐨; ခဏလောက် ဖက်ထားပေးလို့ ရမလား
🦙; အင်းအိပ်ရာပေါ်မှာ မျက်ရည်တွေနဲ့ ကောင်လေးကို တင်းကျပ်စွာ ဖက်ထားပေးလိုက်တော့ သိပ်မကြာခင် အိပ်ပျော် သွားလေသည်။
'ခင်ဗျားငိုနေတာ မြင်ရင် ကျွန်တော့် ရင်ဘက်ထဲက တဆစ်ဆစ်နဲ့ နာကျင်ရတယ်'
'ခင်ဗျားရဲ့ နာကျင်မှုတွေကို ကျွန်တော် ယူထားလိုက်ချင်တယ်'Rutoရဲ့ ရင်ခွင်ထဲ ခေါင်းစိုက်ကာ အိပ်ပျော်သွားတဲ့ koalaလေးကို တီးတိုးပြောလိုက်ရင်း သက်ပြင်းတစ်ချက် ချမိတယ်၊
'ကျွန်တော် ကာကွယ်ပေးချင်တယ်၊ စောင့်ရှောက်ပေးချင်တယ်၊ ကူညီပေးချင်တယ်၊ အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော် ခင်ဗျားကို ချစ်နေတယ်..Junkyu ya'
To be continued ❤️
Support for me 😉
👇
YOU ARE READING
Treasure High I (Completed)
Fanfictionအခက်ခဲဆုံး အချိန်မှာ တောင်းတဲ့ဆုတွေက တကယ် ပြည့်လာတတ်တယ်🌟 နွေးထွေးတဲ့ နေရာလေးတစ်ခု နဲ့ နှလုံးသားထဲက အသံကို နားထောင်ပေးမယ့် လူတစ်ယောက်🌟 Treasure fanfic (Harukyu at treasure high) Just For Fun ♪┌|∵|┘♪