Junkyuထွက်လာပြီးနောက် သူတို့ အဆောင်ကို ပြန်လာကြသည်။
လမ်းတွင် Harutoက တိတ်ဆိတ်နေသဖြင့် Junkyuတစ်ယောက် စကား စလိုက်သည်။
🐨; ကိုယ့်ကို မေးချင်တာ မရှိဘူးလား🦙; အာ..ရှိတယ်၊
🐨; ရှိရင် မေးလေ
🦙; ဒါပေမဲ့ မေးလိုက်ရင် Junkyuအဆင်ပြေ ပါ့မလားလို့၊ ကျွန်တော်က စည်းကျော်မိသလို ဖြစ်နေမှာ စိုးလို့
🐨; ရပါတယ်၊ မင်းမေးတာ မှန်သမျှ ငါ ဖြေပေးမှာပါ၊ ဒီလို ဘာမှမပြောဘဲ နေတာကြီးကို ငါ မကြိုက်ဘူး
Junkyuက Haruto ပခုံးကို လက်ဖြင့် ပုတ်လိုက်ရင်း ပြောသည်၊
Harutoက တစ်ချက် လှည့်ကြည့်ရင်း
🦙; Junkyuအကြောင်းကို ကျွန်တော် ခုထိ သိပ်မသိသေးဘူး၊ ကျွန်တော် အများကြီး ပို သိချင်တယ်၊ အများကြီး နားလည်ပေးချင်တယ်၊ ကျွန်တော်..ကျွန်တော် ခင်ဗျားကို...
🐨; ဆက်ပြောလေ
🦙; Junkyu ပျော်နေအောင် ကျွန်တော့်ဘက်က လုပ်ပေးနိုင်တာ အကုန် လုပ်ပေးချင်တယ်၊ ကျွန်တော့်ကို ရင်ဖွင့်ပြောပြလို့ ရပါတယ်၊
🐨; အင်း ပွင့်ပွင့်လင်းလင်း ပြောပေးလို့ ကျေးဇူးပါ Ruto
Junkyuက သူTreasure Highကို ရောက်လာတဲ့ အကြောင်းတွေကနေ Asahiရဲ့ အကူအညီတောင်းတာအထိ အကုန်လုံး Harutoကို ပြောပြခဲ့တယ်၊
Harutoက သူပြောသမျှကို ခေါင်းလေးညိမ့်ရင်း သေချာ နားထောင်နေခဲ့တယ်၊
🐨; ငါ ပြောတာတွေက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်လို ယုံချင်စရာ မကောင်းဘူး မဟုတ်လား
🦙; ဟင့်အင်း Junkyuရဲ့ စကားတွေက စိတ်ရင်းလို့ ကျွန်တော်ခံစားမိတယ်၊ ပြီးတော့ Junkyuရဲ့ ဆုတောင်းထဲကလူတစ်ယောက် ကျွန်တော် ဖြစ်ပေးချင်တယ်
ပြောရင်း သူ့မျက်လုံးများကို စိုက်ကြည့်လာတာကြောင့် Junkyu ရှက်သွားကာ မျက်နှာလွှဲလိုက်သည်၊
Harutoလည်း Junkyuရဲ့ ရှက်ပြီးနီရဲနေတဲ့ နားလေးကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်
🦙; ကျွန်တော် Junkyuကို နားလည်ပေးချင်တယ်၊ အနားမှာ ရှိနေပေးချင်တယ်၊ ဒါကြောင့် ကျွန်တော့်ကို ယုံကြည်ပေးလို့ ရမလား
YOU ARE READING
Treasure High I (Completed)
Fanfictionအခက်ခဲဆုံး အချိန်မှာ တောင်းတဲ့ဆုတွေက တကယ် ပြည့်လာတတ်တယ်🌟 နွေးထွေးတဲ့ နေရာလေးတစ်ခု နဲ့ နှလုံးသားထဲက အသံကို နားထောင်ပေးမယ့် လူတစ်ယောက်🌟 Treasure fanfic (Harukyu at treasure high) Just For Fun ♪┌|∵|┘♪