အမှတ်မထင်အက်ဆီးဒင့်န်လေးတစ်ခုနဲ့
သိခဲ့ရတဲ့ ဇာတ်လမ်းလေးက ရိုးရှင်းစွာနဲ့စတင်ခဲ့လေရဲ့။
အမှတ်တမဲ့ကနေအမှတ်တရ သို့ ..။/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/
နွေရာသီကျောင်းပိတ်ရက် များကတဖြည်းဖြည်းနဲ့ကုန်ဆုံးလာပြီးတော့
မိုးရာသီသို့ကူးပြောင်းလာခြင်းနှင့်အတူ
ကျောင်းများလည်းပြန်ဖွင့်ပြီးစာသင်နှစ်များလည်းပြန်လည်စတင်တော့မည်။ကျောင်းပြန်ဖွင့်တော့မှာဖြစ်လို့ အသင်္ချေကပျော်နေသည်။
သူငယ်ချင်းတွေနဲ့အရင်ကလိုပြန်တွေ့ရမှာမို့လိုပင်...........။
အသင်္ချေဆိုတာက ၁၇ နှစ်အရွယ်ကျောင်းသားကောင်လေးတစ်ယောက်ဖြစ်ပြီးစာလည်းတော်သလို
ပျော်ပျော်နေတတ်နေတဲ့
ကောင်လေးတစ်ယောက်......။သူမှာဥက္ကာနဲ့ဇေပိုင်ဆိုတဲ့
သူငယ်ချင်းနှစ်ယောက်ရှိတယ်..။
သူတို့နှစ်ယောက်ကလည်း အသင်္ချေလို
တစ်ဦးတည်းသောသားများဖြစ်ကြသည်။ငွေကြေးဥစ္စာနဲ့ပြည့်စုံကြတဲ့မိဘတွေရဲ့အရှိန်အဝါကြောင့်လူတိုင်းကိုလည်း
အထင်မကြီးတတ်။
သူတို့အဖွဲ့ကအစအနောက်သိပ်သန်သည်။
မစရရင်စားမဝင်အိပ်မပျော်....အသင်္ချေမှာ နာမည်ပြောင်
ရှိပါသေးတယ်။
အခန်းထဲကလူတွေချဉ်ကြလို့
အသင်္ချေ - အသေချဉ် ဆိုပြီးတော့။တစ်ခါတစ်ခါသူတို့အဖွဲ့ရဲ့အစအနောက်ကို
ခံကြရတဲ့သူတွေမှာ သွေးထွက်သံယို
ဖြစ်ကြသည်။တစ်ခါကဆိုရင်မိန်းကလေးတစ်ယောက်ကို
စနောက်လိုက်ရင်း ခြေထိုးလိုက်တာ
ကျောင်းတမံသလင်းနဲ့ အဲ့ဒီကောင်မလေးနဖူးရိုက်မိပြီး နဖူးဟက်တက်ကွဲသွားပြီး
သွေးတောင်တော်တော် ထွက်သွားကာ
၄ချက်ချုပ်လိုက်ရသည်။
အဲ့ဒိလိုကိစ္စများဆိုရင်လည်း သူတို့မိဘတွေနဲ့လွယ်လွယ်ပင်ဖြေရှင်းပြီးဆုံးခဲ့ကြရသည်။သူတို့အဖွဲ့ကတော့စနောက်နေဆဲ။
အကျင့်ကတော့မဖျောက်နိုင်သေးဘူး
ထင်ပါရဲ့။
သူတို့သုံးယောက်အဖွဲ့ထဲမှာ စာအတော်ဆုံးကတော့အသင်္ချေပဲ။
![](https://img.wattpad.com/cover/267367570-288-k667089.jpg)
KAMU SEDANG MEMBACA
ထာဝရချစ်ခြင်း၏ ဒဏ္ဍာရီတစ်ပုဒ်
RomansaBoy love story Own creation JulyMoeSat. and. Iris