မိုးရိပ်မနေ့က ကျောင်းမတက်
ဖြစ်တာကြောင့်ဒီနေ့တော့
သူကျောင်းသွားမှဖြစ်မည်။ဒူးခေါင်းက ဒဏ်ရာက
မပျောက်သေးပေမဲ့လည်း
ဆေးထည့်ပြီး
အကိုက်အခဲ ပျောက်ဆေးပါ
သောက်ထားခဲ့တာကြောင့်
သက်သာသလောက်ရှိနေပြီဖြစ်သည်....၊သူကျောင်းကိုရောက်တော့အခန်းကိုရှာပြီးအခန်းထဲကခုံအလွတ်တစ်နေရာတွင်ဝင်ထိုင်လိုက်သည်။
မိုးရိပ်ကBio(A)ခန်းကဖြစ်တော့
အခန်းကိုအကြာကြီးတော့ရှာစရာမလိုပေ။
ခုံတန်းတစ်ခုကိုရွေးကာ
ခုံမှာသူ့ကျောပိုးအိတ်ချပြီး
တစ်ချို့စာအုပ်တွေကို
ထုတ်ကာ ခုံအောက်ထဲ
ထည့်ထားလိုက်သည်။
ပြီးတော့ ခုံမှာဒီအတိုင်း ထိုင်နေဖြစ်သည်။မင်းပိုင်ခ အတန်းထဲဝင်လာစဉ်သူထိုင်မဲ့
ခုံနေရာမှာထိုင်နေတဲ့
ကျောင်းသားတစ်ယောက်ကိုမြင်လိုက်သည်။
မင်းပိုင်ခသူထိုင်မဲ့ နေရာမှာထိုင်နေတဲ့
ထိုကျောင်းသားကိုငေးကြည့်ရင်း
သူရဲ့နှလုံးသားကလည်း အငြိမ်မနေတက်စွာတဒိတ်ဒိတ်နှင့်အခုန်မြန်နေမှုကို မင်းပိုင်ခခံစားမိလိုက်သည်။
ထူးထူးဆန်းဆန်း သူ့မှာနှလုံးရောဂါများရနေသလားရယ်လို့ ထင်မှတ်မှားအောင်ပင်ဖြစ်၏။မင်းပိုင်ခ ငေးကြည့်နေတဲ့အခိုက်အတန့်
မိုးရိပ် သူ့ကိုတစ်စုံတစ်ယောက်
စိုက်ကြည့်နေတယ်လို့ထင်မိလို့
သူလှည့်ကြည့်လိုက်သည်။မှန်သည်။
သူခန့်မှန်းတဲ့အတိုင်းကျောင်းသား
တစ်ယောက်ကသူကိုရပ်ကြည့်နေတာကြောင့်
ရှက်သည်မဟုတ်သော်လည်း
မိုးရိပ်မျက်နှာရဲသွားသည်
နေရခက်ခြင်းတို့နှင့်အတူ,..........။သူကိုစူးစူးစိုက်စိုက်ကြည့်နေတဲ့
ကျောင်းသားကြောင့်ချက်ချင်းဆိုသလို
မိုးရိပ်ညို သူ့မျက်နှာအခြားတစ်ဖက်ဆီကိုလွှဲဖယ်ပစ်လိုက်သည်။
ဒါပေမယ့်လည်း
မိုးရိပ်ရဲ့မျက်နှာရဲနေဆဲရယ်......။မင်းပိုင်ခနှုတ်ခမ်းထောင့်စွန်း ကွေးညွှတ်သွားပြီးအပြုံးတစ်ခုကို ခပ်ဖွဖွပြုံးသည်။
သူငေးကြည့်နေတဲ့ကောင်လေး သူ့ဘက်ကိုလှည့်ကြည့်ပြီးချက်ခြင်းဆိုသလို
ပြန်လှည့်သွားတာကိုမြင်တော့
ထူးဆန်းတယ်တယ်လို့သာထင်သည်။
![](https://img.wattpad.com/cover/267367570-288-k667089.jpg)
ESTÁS LEYENDO
ထာဝရချစ်ခြင်း၏ ဒဏ္ဍာရီတစ်ပုဒ်
RomanceBoy love story Own creation JulyMoeSat. and. Iris