လက်ကောက်ဝတ်မှ
တင်းကျပ်နာကျင်လာသော
အထိအတွေ့ကြောင့် မိုးရိပ်အနောက်ကို
ပြန်လှည့်ကြည့်လိုက်သည်။သူမြင်လိုက်ရတာက
သူ့ရဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသူက
အသင်္ချေ ဆိုသော ထိုကျောင်းသား....။ပြီးတော့ စူးရှစွာစိုက်ကြည့်နေသော
မျက်ဝန်းတစ်စုံရယ်.....။အသင်္ချေ တစ်ယောက် မိုးရိပ်ညို ရဲ့လက်ကောက်ဝတ်ကို လွှတ်ပေးရန်
စိတ်ကူးမရှိသည့်အလား
ဆက်လက်ဆုပ်ကိုင်ထားရင်း
အသင်္ချေ အသက်မရှိတော့သည့်နှယ်
ငြိမ်သက်နေ၏။ထို့နောက် သူတို့ပတ်ဝန်းကျင်ရှိလေထုက
အသံမဲ့စွာ တိတ်ဆိတ်သွားသည်။'ဒီတစ်ယောက် ဘာဖြစ်နေတာလဲ..။'
ထိုသို့တွေးရင်း
မိုးရိပ်ညို မျက်မှောင်တစ်ချက်ကြုံ့ကာ
နာကျင်လာသော
သူ့လက်ကောက်ဝတ်ကို အသင်္ချေလက်မှလွတ်အောင်ရုန်းသည်။ဒါပေမဲ့ လည်း အားချင်းမမျှသလိုဖြစ်နေတာကြောင့် ရုန်းလို့မလွတ်ပေ...။
ဒါကြောင့် မိုးရိပ် တစ်ဖက်ကသူ့ကို
လက်လွှတ်ပေးဖို့ စပြောရတော့တယ်..." မင်း...ငါ့လက်လွှတ်ပေးလို့ ရပြီလား...။"
မိုးရိပ်ညိုနဲ့အသင်္ချေကြားမှာရှိတဲ့ တိတ်ဆိတ်နေတဲ့လေထုကတုန်ခါပြီး မိုးရိပ်ရဲ့စတင်စကားဆိုသံက မတိုးမကျယ် ပျံနှံ့သွားသည်။
မိုးရိပ်ညိုရဲ့ အသံကိုကြားမှ အသင်္ချေ
တစ်ယောက် သတိပြန်ဝင်လာကာ
မိုးရိပ်လက်ကို မြန်ဆန်စွာ
လွှတ်ပေးလိုက်သည်။သူလွှတ်ပေးလိုက်ပေမယ့်လည်း
အချိန်ကြာကြာဆုပ်ကိုင်ထားခဲ့တာကြောင့်
မိုးရိပ်ညိုရဲ့ လက်ကောက်ဝတ်မှာ
နီရဲသောလက်ချောင်း အရာများက
ထင်ထင်ရှားရှားကျန်ရစ်နေခဲ့သည်။ထိုရာများကို အသင်္ချေမြင်တော့
'ဟူး.......ခုနကငါဘာဖြစ်သွားတာလဲကွာ´
အသင်္ချေစိတ်ရှုပ်ထွေးနေ၏။
အမှန်တကယ်တော့ လွန်ခဲ့တဲ့
နှစ်လလောက်က သူ့ကားနဲ့တိုက်မိမလိုဖြစ်တဲ့ကိစ္စကို မိုးရိပ်ညို ဆီပြန်လာတောင်းပန်ဖို့
ဒီနေ့ စီစဉ်ထားတာ..။
YOU ARE READING
ထာဝရချစ်ခြင်း၏ ဒဏ္ဍာရီတစ်ပုဒ်
RomanceBoy love story Own creation JulyMoeSat. and. Iris