အလေးပြုပြီးတော့ မိုးရိပ်တို့ အခန်းထဲမှာစာသင်ကြားကြရင်း မနေ့ကမိုးရိပ်ကျောင်းပျက်တော့စာအုပ်ထဲလွတ်နေတဲ့ဘာသာရပ်ယအချို့ကို မင်းပိုင်ခဆီကနေပြန်ပြီးတော့
ကူးရေးရသည်။ဆရာမမဝင်ခင်တစ်ချိန်နဲ့တစ်ချိန်အကြား
စာတွေကူးနေရသောမိုးရိပ်ကို သူတကယ်ဝိုင်းကူပေးချင် မိပါသည်။
ဆရာမတွေကလည်းစာကို
အရမ်းသင်တာကြောင့် မိုးရိပ်တစ်ယောက် မနေ့ကစာရော ဒီနေ့ စာရော အသည်းအသန်လိုက်မှီအောင် လုပ်နေရသည်။
ဒါကြောင့်ပဲမင်းပိုင်ခတစ်ယောက်
မိုးရိပ်ကို စာဝိုင်းကူးပေးဖို့အတွက်"မိုးရိပ်....
မနေ့ကဆရာမတွေသင်တာ များတယ်။
မင်းတစ်ယောက်တည်းဆို အပြီးကူးနိုင်မှာမဟုတ်ဘူး..
ငါ့ကိုစာအုပ်တွေပေး ....။"တစ်ဖက်ကဘာမှပြန်မပြောခင် မင်းပိုင်ခ မိုးရိပ်ရဲ့စာအုပ်တွေကို ယူသွားပြီး မနေ့ကကျောင်းပျက်တုံးကစာတွေကို
ကူးပေးနေသည်။မိုးရိပ်ညို တကယ်မင်းပိုင်ခကို
အားနာသွားသည်။
သူ့ကိုနေရာလည်းပေးထား ရသေးသလို
အခုလည်းစာတွေဝိုင်းကူးပေးနေရပြန်ပြီ။စာကူးပေးနေရင်းမှ
မင်းပိုင်ခ မိုးရိပ်အရှေ့ကို မြန်မာသဒ္ဒါ
ဖတ်စာအုပ်ကို ချပြရင်း"မိုးရိပ်....မင်းသိလား...ဒီမှာကြည့်...
မှင်စာတဲ့....."မင်းပိုင်ခ မျက်နှာကို ပြုံးဖြီးရင်း စာမျက်နှာတစ်နေရာကိုလက်ညိုးဖြင့်ထောက်ပြသည်။
ထိုစာမျက်နှာမှာ မြန်မာတို့ရှေးခတ်က အသုံးပြုခဲ့သော
အုတ်ခွက်စာ၊ ကျောက်စာ၊ စဉ့်ကွင်းစာ၊စသည်တို့အကြောင်း ဖော်ပြထားသော စာမျက်နှာဖြစ်သည်။
မင်းပိုင်ခထောက်ပြတဲ့ခေါင်းစဉ်က မင်စာ...။သူထောက်ပြသောနေရာသို့ မိုးရိပ် အကြည့်ရောက်တော့
"ဘာထူးဆန်းလို့လဲ ရှေးခတ်ကသုံးတဲ့
စာတွေပဲလေ...။"မိုးရိပ်မျက်မှောင်ကြုံ့မိကာ ပြန်ပြောသည်။
"မင်းသေချာကြည့်လေကွာ....."
ပိုင်းခထပ်ပြောပြန်သည်။
![](https://img.wattpad.com/cover/267367570-288-k667089.jpg)
KAMU SEDANG MEMBACA
ထာဝရချစ်ခြင်း၏ ဒဏ္ဍာရီတစ်ပုဒ်
RomansaBoy love story Own creation JulyMoeSat. and. Iris