A. T. O. L. F. 💖Chapter 4

13 6 0
                                    

        ထာဝရချစ်ခြင်းရဲ့ဒဏ္ဍာရီတစ်ပုဒ်

"သား..ကျောင်းနောက်ကျတော့မယ်မြန်မြန်ပြင်ဆင်တော့လေ..။"

မိုးရိပ်ရဲ့မွေးစားအအမေဖြစ်သူဒေါ်ခင်လေးသည် မီးဖိုချောင်ထဲမှအလုပ်ရှုပ်​​နေတဲ့မိုးရိပ်ကို​​ ကျောင်းချိန်နီးနေပြီမို့ အသိပေးလိုက်ဖြစ်သည်။

ဒီနေ့မနက်မိုးရိပ်တို့အိမ်မှာဝါဆိုသင်္ကန်းကပ်တော့ မနက်ကတည်းက မိုးရိပ်
အလုပ်ရှုပ်နေသည်။

သံဃာတော်(၅)ပါးကို ပင့်ဖိတ်ကာ ဝါဆိုသင်္ကန်းနဲ့အတူ အာရုဏ်ဆွမ်းကပ်လှူ
တာကြောင့် သံဃာတော်တွေ အာရုဏ်ဆွမ်းဘုဉ်းပေးဖို့အတွက်မိုးရိပ်ကိုယ်တိုင် ဒေါ်လေးခင်နဲ့အတူ ကူညီပြင်ဆင်ချက်ပြုတ်သည်။

နန်းကြီးသုပ်ကိုအဓိကထားကပ်လှူဖြစ်ပြီး
အချိုပွဲအတွက်တော့ ဆနွင်းမကင်း၊
သီးစုံကျောက်ကျော၊ ရွှေကြည် ၊ နဲ့ အသီးအနှံတွေ ကိုပြင်ဆင်ကာ ကပ်လှူခဲ့ကြသည်။

တရားနာရေစက်ချပြီးတော့မှမိုးရိပ်လည်းမီးဖိုချောင်ထဲဝင်ကာ ကျောင်းကသူငယ်ချင်းနှစ်ယောက်အတွက်နန်းကြီးသုပ်ကို
ဖော့ဘူး​​​တွေ​ထဲထည့်ကာ
ပြင်ဆင်နေတာကြောင့်
ကျောင်းနောက်ကျတော့မဲ့ဆဲဆဲ
ဖြစ်သွားခြင်းဖြစ်သည်။

သူ့သူငယ်ချင်း
မိရှင်းကနန်းကြိီးသုပ်ဆိုအရမ်းကြိုက်တာ...။
အထူးသဖြင့်မိုးရိပ်လက်ရာပဲ....။

သူငယ်ချင်းစားပါစေတော့ရယ်လို့ မိုးရိပ်စေတနာနဲ့ကျောင်းကိုယူသွားပေးမလို့ပါ။

မိုးရိပ် မိရှင်းအတွက်ပြင်ဆင်ပေးနေတုံး
မင်းပိုင်ခ ကိုပါသတိရသွားတော့ နောက်ထပ်တစ်ယောက်စာ ထပ်ပြင်ဆင်ပေးမိသည်။

သူငယ်ချင်း အချင်းချင်း မမေ့ထားသင့်ဘူးလေ။

"ဟုတ်ကဲ့ ဒေါ်လေးခင်..သားဒါတွေကို
ပြင်ပြီးရင်ကျောင်းသွားဖို့ပြင်လိုက်ပါ့မယ်။."

မိုးရိပ် လုပ်လက်စကိုလက်စသတ်ရင်း မီးဖိုခန်းထဲကနေ ဒေါ်လေးခင်ကိုသူလှမ်းပြောသည်။

"​​ကောင်းပါ​ပြီ သားရယ် အမေဆိုင်ကို
သွားတော့မယ်..။""

"ဟုတ်ကဲ့ဒေါ်လေးခင်....ကျန်းမာရေးလည်းဂရုစိုက်ပါ...အလုပ်တွေလည်း
အရမ်းမလုပ်ပါနဲ့ ဗျာ.."

ထာဝရချစ်ခြင်း၏ ဒဏ္ဍာရီတစ်ပုဒ်Where stories live. Discover now