Chapter 2 ( U )

12.7K 1.4K 16
                                    

တစ်လလောက်အတန်းပြေးခဲ့တဲ့ ရှောင်းကျန့်က တင်ရတော့မယ့် assignment တွေရှိလာတဲ့နောက် အတန်းတွေ တက်နေရတော့တယ်။ စာသင်နှစ်ရဲ့ ပထမဆုံး assignment ထပ်ရမယ့် ဘာသာရပ်ချိန်ကို တစ်ပတ်လုံး အပြည့်တက်လို့အပြီး ဒီညမှာတော့ စာကြည့်စားပွဲမှာ ရှောင်းကျန့် အချိန်ကြာကြာထိုင်နေရတယ်။

တစ်အုပ်ပေါ်တစ်အုပ်ဆင့်ပြီး ဖွင့်ထားတဲ့ စာအုပ်ပုံနဲ့အတူ ရှောင်းကျန့်က သူ့ရဲ့ခေါင်းကို တဗြီးဗြီးမြည်အောင် ကုပ်နေတော့တာပဲ။ အတန်းပြေးခဲ့တဲ့ အကျိုးကျေးဇူးတွေပေါ့။

" ဒါကြီးက ဘယ်က ရောက်လာတာလဲ... အရင်က မမြင်ဖူးပါဘူး "

ဘယ်နှခါမြောက်သောမှန်းမသိတဲ့ အဲ့ဒီစကားကို ပြောပြီး တပ်ထားတဲ့ မျက်မှန်ကို လျှောချရင်း ကြည့်တယ်။ သိပ်သာယာလွန်းတဲ့ ညချမ်းလေးမှာ သူ့ရဲ့ ဆဲရေးသံတွေကလဲ မနည်းတော့။

အိပ်ချင်နေတဲ့ မျက်လုံးတွေကို မသိချင်ယောင်ဆောင်ပစ်လိုက်ရင်း Assignment ကို ပြီးအောင် အာရုံစိုက်လိုက်တယ်။ဟုတ်တယ်။ရှောင်းကျန့်
ဒီ assignment အတွက် အများကြီး ပေးဆပ်ထားရတယ်။

သူ့ရဲ့ ဂိမ်းကစားချိန်တွေ ကစလို့
သူငယ်ချင်းတွေ ရုပ်ရှင်ကြည့်ဖို့ လှမ်းခေါ်တာကို
တိခနဲအပြတ် ငြင်းပစ်လိုက်ခဲ့တဲ့အထိ။

နောက်ထပ်တစ်နာရီကြာပြီးသွားတဲ့နောက် ခါးတူးနေအောင် ဖျော်ပြီး မော့သောက်ခဲ့တဲ့ ကော်ဖီအစွမ်းတွေက စားပွဲပေါ် ခေါင်းတင်ပြီး မှောက်အိပ်ပျော်နေတဲ့ ရှောင်းကျန့်ဆီမှာ ရှိတယ်။ ကံကောင်းတာကတော့ သူ assignment ဆိုတာကြီးကို အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်။

ဘာ alarm သံမှမကြားရတဲ့ မနက်ခင်း။
တစ်ညလုံး စားပွဲပေါ် မှောက်အိပ်ပျော်ခဲ့တဲ့ ရှောင်းကျန့်က မျက်လုံးတွေကို မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်
တယ်။ ညက အခါတစ်ရာမက ကုပ်ခဲ့တဲ့ ဆံပင်တွေက စုပ်ဖွာနေတယ်။

ခါးပြန်မတ်ပြီး လက်တွေဆန့်ထုတ်လိုက်တဲ့အခိုက်မှာတော့ ဂျွတ်ခနဲတောင်မြည်လို့။ စူးပြီးလေးနေတဲ့ မျက်လုံးတွေကို ပွတ်ပြီး စားပွဲပေါ်က နာရီဆီ မကြည့်ခင်တဲ့အထိတော့ ရှောင်းကျန့်အတွက် သာသာယာသာ ဖြစ်နေသေးတယ်။

Wild thing,you make my heart sing [ Completed ] Where stories live. Discover now