လူရှင်းတဲ့ ကော်ရစ်တာဆီက ရှောင်းကျန့်ရဲ့ ခြေလှမ်းတွေက ခပ်သွက်သွက်ရှိနေတယ်။တွန့်ကျိုးနေတဲ့ မျက်ခုံးတွေက သူ့ရဲ့ အလိုမကျမှုကို အလိုလို ပေါ်လွင်စေနေတယ်။
ခြေလှမ်းတွေက မြန်ဆန်လွန်းတာကြောင့် ဘယ်လောက်မှ မကြာလိုက်တဲ့ အချိန်အတွင်းမှာ သူ ပရော်ဖက်ဆာဝမ်ရဲ့ ရုံးခန်းရှေ့ကို ရောက်တယ်။ တင်းတင်းဆုပ်ထားတဲ့ ကျောပိုးအိတ်ကြိုးကို လွှတ်လိုက်ပြီး တံခါးဆွဲဖွင့်ရင်း ဝင်သွားတဲ့ ရှောင်းကျန့်က အရင်ကလိုပဲ။ဝင်ခွင့်တောင်းဖို့ အတွေးရှိမနေ။
စားပွဲမှာ ထိုင်နေတဲ့ ရိပေါ်က ရုတ်တရက် ဝင်လာတဲ့ ရှောင်းကျန့်ကို မြင်တော့ အနည်းငယ် အံ့သြသွားတဲ့ပုံပေါ်တယ်။ အမှန်တကယ်လဲ ဟုတ်တယ်။ ဒီချိန်က ရှောင်ကျန့် အတန်းတက်နေရမယ့်အချိန်။
" ပရော်ဖက်ဆာဝမ် "
မကျေနပ်တဲ့ လေသံရောယှက်ပါနေတဲ့ ခေါ်သံကို ရိပေါ် ချက်ချင်းပင် ရိပ်စားမိတော့ အပြေးအလွှားတွေးစရာမလိုပဲ သူ့ရဲ့ အသက်သမျှ ချစ်ရတဲ့ ရှောင်းကျန့်က ဘာကို မကျေမနပ်ဖြစ်နေသလဲ ဆိုတာ တန်းသိနေတော့တယ်။
''ခင်ဗျား ဘာလုပ်တာလဲ
ဘာလို့ ကျွန်တော့ သဘောမပါပဲ ကလပ်က နှုတ်ထွက်စာကို တင်ခဲ့ရတာလဲ "စားပွဲနားရောက်လာတဲ့ ရှောင်းကျန့်နဲ့အတူ မျက်နှာချင်းဆိုင် ရိပေါ် စားပွဲက ထရပ်လိုက်တယ်။
သူ ရှေ့က ရှောင်းကျန့်က သူ့ရဲ့ စိတ်ကို နည်းနည်းလေးတောင် နားမလည်တော့ဘူးလား။" ကိုယ် မင်းကို စိတ်မချလို့ "
ရိပေါ် အဖြေကြောင့် ရှောင်းကျန့် စိတ်ထဲက ဆဲရေးလိုက်မိတယ်။ သူတို့ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ကျော်ကာလမှာ ရိပေါ်ဘက်က သူ့ကို တစ်ခါတလေလေးတောင် စိတ်မချခဲ့ဘူး။ တကယ်ဆို
သူက အသက်ပြည့်ပြီးသား။ နောက်ပြီး ချုပ်ချယ်တာတွေ မုန်းတယ်။အဲ့ဒါက သူတို့နှစ်ယောက်ကြားက အဓိက ပြဿနာတစ်ခုပဲ။
" ဘာစိတ်မချစရာရှိလို့လဲ... ကလပ်မှာက ယောင်္ကျားလေးနဲ့ မိန်းကလေးနဲ့ သပ်သပ်စီ... ကျွန်တော့နားမှာ မိန်းကလေးတွေလဲ ရှိမနေဘူး "
![](https://img.wattpad.com/cover/268039249-288-k995100.jpg)
KAMU SEDANG MEMBACA
Wild thing,you make my heart sing [ Completed ]
Fiksi PenggemarWhat's wrong with Professor Wang?