တက္ကသိုလ်မြေပေါ်မှာ ကျောင်းသားတွေ လှုပ်လှုပ်ရှားရှားရှိနေကြတယ်။ လေပြေတွေက သူတို့ကိုယ်ပေါ်မှာ ရှိနေတဲ့ အနက်ရောင်ဘွဲ့ဝတ်ရုံတွေကို တိုးဝေ့ ကျီစားနေလျက် ရှိတယ်။
နောက်ဆုံးစာသင်နှစ် အောင်မြင်သွားပြီဖြစ်တဲ့ ကျောင်းသားတွေက ကျောင်းအနှံ့မှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ရင်း ပျော်ရွှင်နေကြတယ်။ နောင်တစ်ချိန်ပြန်တွေးကြည့်ရင် ဒီအမှတ်တရတွေဟာ လွမ်းစရာဖြစ်မှာ အသေချာပါပဲ။
အဲ့သည်ကျောင်းသားတွေကို လိုက်ငေးကြည့်နေတဲ့ ရှောင််ကျန့်ရဲ့ နားထင်နားဆီက ချွေးစတွေကို ရှောင်းမားမားက သုတ်ပေးရတယ်။ နေသာနေတဲ့ ရက်တစ်ခုကို ဘွဲ့ဝတ်ရုံဝတ်ထားရသည်က အတော်ပူတယ်လေ။
ဟုတ်တယ်။ စာမေးပွဲကျမှာ ကြောက်လို့ ငိုခဲ့တဲ့ ရှောင်ကျန့်က နောက်ဆုံးနှစ်စာမေးပွဲကို အောင်ခဲ့တယ်။ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ရှောင်းမားမားရဲ့ အပြုံးတွေက လှနေရောပဲ။
'' မား...ပရော်ဖက်ဆာဝမ်ကို တွေ့မိသေးလား ''
ရှောင်ကျန့်ကတော့ နည်းနည်းမှ မပြုံးချင်ပါ။
ဘွဲ့နှင်းခန်းမထဲ နောက်ကျမှရောက်လာခဲ့တဲ့ ပရော်ဖက်ဆာဝမ်က အခုလဲ ဘယ်ရောက်နေလဲမသိတာကြောင့် သူ့မှာ ခြေတဆောင့်ဆောင့်နဲ့။'' ခုနက ကျောင်းသားတွေနဲ့ ဓာတ်ပုံရိုက်နေတာတွေ့တယ် ''
'' ကျောင်းသားတွေနဲ့လား ''
'' မဟုတ်ဘူး ဆရာမတွေလဲ ပါတယ် ''
ရှောင်းမားမားက မီးလောင်ရာ လေဘယ်လိုပင့်ရမလဲ ကောင်းကောင်းသိတဲ့ပုံ။ သူမ စကားကြောင့် မျက်မှောင်တွေ ကျုံ့သွားတဲ့ ရှောင်ကျန့်မမြင်အောင် ခိုးရယ်ပါသေးတယ်။
'' ဘွဲ့ယူတဲ့နေ့မှာ မျက်နှာကြီး မှုန်ကုတ်မနေစမ်းပါနဲ့ ''
'' ဘယ်သူက မှုန်ကုတ်နေလို့လဲ မားကလဲ ''
'' ကျန့်!! ''
အနီရောင်နှင်းဆီပန်းတွေသာ ပါတဲ့ပန်းစည်းတစ်ခုနဲ့
အနားပြေးလာတဲ့ ပရော်ဖက်ဆာဝမ်ကို ချက်ချင်းပဲ သူမျက်စောင်းတစ်ချက်ထိုးတယ်။ ဘာလို့
အမြင်ကတ်ဖို့ကောင်းအောင် ကြည့်ကောင်းနေရတာလဲ။
YOU ARE READING
Wild thing,you make my heart sing [ Completed ]
FanfictionWhat's wrong with Professor Wang?