Chapter 7 ( U )

11.2K 1.3K 52
                                    

Tutorial ဖြေပြီးလို့ အခန်းထဲထွက်လာတဲ့ ရှောင်းကျန့်တွေးနေတာက ဒီနေ့အတွက် အတန်းချိန်တွေအကုန် ပြေးဖို့ဖြစ်တယ်။အတန်းချိန်မရှိတဲ့ အခြားမေဂျာက သူငယ်ချင်းကောင်းတွေနဲ့ အတူတူ အတန်းပြေးဖို့ တိုင်ပင်ထားတာကတော့ မနေ့ညကတည်းသာ ဖြစ်တယ်။

မေးခွန်းစာရွက်ထဲက မေးခွန်းတိုင်းကို ဖြေနိုင်တဲ့အတွက်ကြောင့် သူ စိတ်တွေ ကြည်လင်နေသေးတယ်။ ကြည့်သွားတာနဲ့ တိုးသလား ဆိုတော့ မဟုတ်။ ပရော်ဖက်ဆာ သင်ပြပေးသမျှ တိုးလာတာပဲ။

တွေးမိတဲ့ ခဏမှာ ရှောင်းကျန့် နှုတ်ခမ်းပါးထောင့်တွေ ကွေးခနဲ။ မေးခွန်းကို သွယ်ဝိုက်ပြောပြပေးတဲ့အတွက် ကျေးဇူးတင်စရာကောင်းသည်လေ။

နောက်ဆက်တွဲတွေးမိတဲ့ ခပ်ဖွဖွအနမ်းတစ်ခုကြောင့်တော့ ပြုံးနေတာကို ရပ်ပစ်လိုက်တယ်။ ခေါင်းပါ နှစ်ဆင့်ခါပြီး အတန်းရှေ့က ရပ်နေရာက ထွက်လာပြီး ကော်ရစ်တာ တစ်လျှောက် လျှောက်လာခဲ့လိုက်တယ်။

တော်တော်လျှောက်လာပြီးနောက် အဆောင်ရဲ့ ရှေ့ဘက်ဆီ ရောက်တယ်။ သွားလာနေတဲ့ ကျောင်းသားတွေနဲ့အတူ ခုံတန်းတွေမှာ ထိုင်နေတဲ့ ကျောင်းသားတွေရှိတယ်။ အဲ့ဒီသူတွေထဲ ရှောင်းကျန့် တွေ့လိုက်ရတာ ပရော်ဖက်ဆာဝမ်။

ကျူတိုချိန်မှာ အခြားဆရာမတစ်ယောက် စောင့်တာမို့ မတွေ့တဲ့ ပရော်ဖက်ဆာဝမ်က အဆောင်ရှေ့က လမ်းမှာ အမျိုးသမီးတစ်ယောက်နဲ့ အတူ သွားနေတယ်။ သူ့ကိုတော့ မြင်ပုံမရ ။

ရှောင်းကျန့်ခြေလှမ်းတွေကို ရပ်ပြီး လိုက်ကြည့်မိတယ်။တွန့်ကျိုးနေတဲ့ သူ့ရဲ့ မျက်ခုံးတွေက အလိုမကျမှုတွေကို အတိုင်းသား ဖော်ပြနေတယ်။

" မကောင်းတဲ့ ဘဲကြီး..  "

လေသံတိုးတိုးနဲ့ မကျေမနပ်ပြောနေတဲ့ ရှောင်းကျန့် ရဲ့ အကြည့်တွေက ရိပေါ်ဆီမှာပဲ ရှိနေတာမို့ ဘေးပတ်ဝန်းကျင်ဆီ သတိမထားမိ။

" အရှေ့က ညီလေးရေ... ဘေးဖယ် တိုက်မိမယ် "

အသံကြားမိလို့ လှည့်အကြည့်မှာပဲ  ပုံးအထပ်လိုက်ကြီး မ လာတဲ့ ကျောင်းသားတစ်ယောက်ကို မြင်တယ်။ အဆင့်ဆင့်ထပ်ထားတဲ့ ပုံးတွေက မျက်နှာကို ကွယ်နေတဲ့ ပုံကြောင့် သေချာမြင်ပုံလဲမရ။

Wild thing,you make my heart sing [ Completed ] Hikayelerin yaşadığı yer. Şimdi keşfedin