Chapter 6 ( U )

11.1K 1.3K 63
                                    

ကျောင်းထဲက စာကြည့်တိုက်ရဲ့ စားပွဲတစ်ခုမှာ ရှောင်းကျန့်ရှိနေတယ်။ အတန်းချိန်တွေက မနက်ပိုင်းသာရှိတာမို့ နောက်ဆုံးအတန်းချိန်ပြီးတည်းက ဒီရောက်နေခဲ့တာ တစ်နာရီလောက်ရှိပြီ။ အိမ်ပြန်ပြီး အိပ်ပစ်ချင်တဲ့စိတ်ကို သပတ်ခါကျ ဖြေရမယ့် ကျူတိုရီရယ်က အဟန့်အတား သိပ်ဖြစ်စေတယ်။

လက်တစ်ဖက်က ဘောပင်လှည့်နေပြီး နောက်တစ်ဖက်က နားထင်ဆီ လက်ထောက်ထားတဲ့ ရှောင်းကျန့်က မျက်မှန်အောက်က မျက်လွှာတွေကို ချထားတယ်။အထက်တန်းနောက်ဆုံးနှစ်က စာတွေအများကြီး ဆံ့ခဲ့တဲ့ သူ့ဦးနှောက်ကလေးဟာ အခုတော့ အိပ်ပျော်နေတဲ့အလား။

ချထားတဲ့ မျက်လွှာတွေကို ပြန်ဖွင့်တော့ စားပွဲပေါ်ရောက်နေတဲ့ အအေးဘူးတစ်ဘူးကို တွေ့တော့ ဘေးဆီ လှည့်ကြည့်မိတယ်။ သူရှိနေတဲ့ စားပွဲဘေး မတ်တပ်ရပ်လျက်ရှိနေတဲ့ ပရော်ဖက်ဆာဝမ်က ဘယ်ချိန်တည်းက ရောက်နေသလဲဆိုတာ သူမသိ။

တကယ်ဆို သူ ပရော်ဖက်ဆာဝမ်နဲ့ မတွေ့တာကမှ ပိုထူးဆန်းနေမယ်ထင်တယ်။ဘာလို့လဲ။ရှင်းပါတယ်။
ဒီရက်တွေထဲမှာ သူ့အတွက်
Everywhere I go,I see Professor Wang ပါပဲ။ သူ သွားသမျှနေရာတ်ုင်းမှာ ပရော်ဖက်ဆာဝမ်ကို တွေ့နေရတယ်။

ရေကူးကလပ်ရှိတဲ့ နေရာအနီးတစ်ဝိုက်မှာ တွေ့ရတတ်သလို ကန်တင်းမှာလဲ တွေ့ရတတ်တယ်။
သန့်စင်ခန်းထဲမှာ တွေ့ရသလို အခုလဲ စာကြည့်တိုက်မှ တွေ့ရပြန်တယ်။ ဘုရားစူး ရှောင်းကျန့် တွေ့ဖူးသမျှ ပရော်ဖက်ဆာတွေထဲ ဝမ်ရိပေါ်က အချိန်တွေ အပေါဆုံးပဲ။

အဲ့လို ဘယ်နေရာသွားသွား တွေ့ရတာက ဂိမ်းဆိုင်မှာ ခေါက်ဆွဲဘူးလာပေးတဲ့ နေ့က စတယ်။ ဆိုင်ရှင် ဦးလေးကျန်းက ဝမ်ရိပေါ်ကို သူ့ရဲ့ တူတော်မောင် ဆိုပြီး မိတ်ဆက်ပေးတာကတော့ အနည်းငယ် ရုတ်တရက်ဆန်ပါတယ်။

" စာလုပ်နေတာလား "

" အင်း... တပတ်ခါကျ ကျူတိုရီရယ်ရှိတယ် "

" အဆင်ပြေလား စာလုပ်ရတာ "

" ကျွန်တော့အခု ပုံစံက အဆင်ပြေနေတဲ့ပုံပေါ်နေလို့လား ပရော်ဖက်ဆာဝမ် "

Wild thing,you make my heart sing [ Completed ] Where stories live. Discover now