ပထမအတန်းချိန်တွေတောင် မစတင်သေးတဲ့ မနက်ခင်းအချိန်။ ကျောပိုးအိတ်ကြိုး နှစ်ဖက်လုံးလွယ်ထားတဲ့ ရှောင်းကျန့်က လက်ထဲမှာ Assignment စာတမ်းကို ကိုင်ထားတယ်။ သော့မခတ်ထား၍ ပွင့်သွားတဲ့ ရုံးခန်းတံခါးကြောင့် ပရော်ဖက်ဆာဝမ် ရောက်နှင့်နေပြီဆိုတာ သူသိလိုက်တယ်။
တံခါးခပ်ဖြေးဖြေးပြန်ပိတ်ပြီး အခန်းရဲ့နေရာအနှံ့ဝေ့ဝဲကြည့်မိတယ်။သူထင်သလို ပရော်ဖက်ဆာဝမ်က အခန်းထဲ ရှိမနေ။ အဲ့ဒီအတွက် နှုတ်ဆက်စကားပြောဖို့ လေကုန်သက်သာတယ် တွေးပြီး ခပ်မြန်မြန်ပဲ လက်ထဲက assignment ကို စားပွဲပေါ် တင်လိုက်တယ်။
ပစ္စည်းတွေ သူ့နေရာနဲ့သူရှိနေတဲ့ စားပွဲပေါ် ရှောင်းကျန့် မြင်ကွင်းတွေထဲ ရောက်လာတဲ့ ဖဲကြိုးပန်းရောင်နဲ့ အလှချည်ထားတဲ့ ကွတ်ကီးဘူးတစ်ခု။ ဘူးရဲ့ အောက်က ပန်းရောင် နုတ်စာရွက်ကို လှမ်းဆွဲပြီး ရှောင်းကျန့် ယူဖတ်လိုက်တယ်။
" ပရော်ဖက်ဆာအတွက် ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ ဒီကွတ်ကီးလေးတွေ စားပြီး ဒီနေ့အတွက် အလုပ်ကြိုးစားလိုက်ပါဦး... ချစ်တယ် ပရော်ဖက်ဆာဝမ် "
နှာတစ်ချက် ရှုံပြီး ရှောင်းကျန့် တွေးမိသမျှကတော့
ဝမ်ရိပေါ်ရဲ့ စော်ကြည်မှုကိုပေါ့။" အဲ့ဒီပုံတုံးတုံးနဲ့ ဆူပုတ်ပုတ်လူကို ဘာများကြည့်ကြိုက်ကြလဲ "
ရုတ်တရက် ဂွီ ခနဲထမြည်လာတဲ့ ဗိုက်က မနက်စာ ဘာမှ စားမလာခဲ့တဲ့အကြောင်း ရှောင်းကျန့်ကို သတိပေးတယ်။ အဲ့ဒီအတွက် သူ့ရဲ့အကြည့်တွေက လက်ထဲက ကွတ်ကီးဘူးဆီ ရောက်တယ်။
" ဟုတ်တယ်... တစ်ခုလောက်ယူစားရုံနဲ့ မသိပါဘူး "
နှေးတဲ့လက် သစ္စာဖောက်လို့တွေးတဲ့ ရှောင်းကျန့် ရဲ့ လက်သွက်မှုက စက္ကန့်ပိုင်းလောက်သာကြာတဲ့အချိန်မှာ ကွတ်ကီးတစ်ခုလုံး ပါးစပ်ထဲ ရောက်ပြီးသား ဖြစ်တယ်။
" ရှောင်းကျန့်... "
" အဟွတ်...အဟွတ် "
ရုတ်တရက်ထွက်လာတဲ့ ပရော်ဖက်ဆာဝမ်အသံကြောင့် ကွတ်ကီးက စားကောင်းတဲ့အကြောင်း တွေးနေရာက ဘာလို့ ကွတ်ကီးကို အကြီးကြီးလုပ်ထားရတာလဲဆိုပြီး ရှောင်းကျန့်မှာ ပြောင်းတွေးမိတဲ့အထိ။
![](https://img.wattpad.com/cover/268039249-288-k995100.jpg)
YOU ARE READING
Wild thing,you make my heart sing [ Completed ]
FanfictionWhat's wrong with Professor Wang?