Unicode
" ဝါးးး မြေသင်းရနံ့လေးသင်းနေတာပဲ "
ဒီနေ့ Jungkook တစ်ယောက် Jin Hyung ရဲ့ ဆိုင်နားက ပန်းခြံလေးမှာလမ်းလျှောက်နေမိသည်။
မိုးရွာထားသည့်အတွက်ကြောင့် လေတစ်ချက်တိုက်လိုက်တိုင်း နှာခေါင်းဖျားထဲတိုးဝင်လာသည့် မြေသင်းရနံ့လေးကို လက်နှစ်ဖက်ဆန့်တန်းရင်း တဝကြီးရှူရှိုက်မိသည်။
ပန်းခြံထဲမှာတော့ အပန်းဖြေလာကြတဲ့ မိသားစုတွေ၊ စက်ဘီးစီးနေတဲ့သူတွေ၊ စာဖတ်နေတဲ့သူတွေ၊ ပြီးတော့ သူ့လိုပဲ လမ်းလျှောက်နေတဲ့သူတွေနဲ့ စည်ကားနေသည်။
သူသိပ်ချစ်ရသည့်အဘိုးဆုံးပြီးကတည်းက ဒီပန်းခြံလေးသို့အမြဲလာဖြစ်သည်။အေးအေးဆေးဆေး နေရသည်ကို သူကပိုပြီး ကြိုက်နှစ်သက်တာကြောင့်လည်းဖြစ်မည်ထင်သည်။
သူ့ကို အဘိုးကသာစောင့်ရှောက်လာသူမို့
အဘိုးကိုအချစ်ဆုံးဖြစ်နေရသည်မှာ မထူးဆန်းတော့ပေ။အဘိုးကနှလုံးရောဂါသည်မို့ ဆေးရုံတင်ထားရသည်။ အဘိုးဆုံးတဲ့အချိန်က သူအိမ်ပြန်ပြီးပစ္စည်းသွားယူနေတဲ့အချိန်။
သူအိမ်ကနေဆေးရုံကိုရောက်တော့ အဘိုးအခန်းမှာ ဆရာဝန်တွေယောက်ယှက်ခတ်နေတာတွေ့သည်။
" အဘိုးးး ကျွန်တော့်အဘိုးဘာဖြစ်တာလဲဟင်? "
" စိတ်မကောင်းပါဘူး လူနာက ရုတ်တရတ်နှလုံးထဖောက်ပြီး ဆုံးသွားပါပြီ "
" ဗျာ.... "
" အဘိုးကျွန်တော်ရောက်လာပြီလေ။ ကျွန်တော်တစ်ယောက်တည်း ဘယ်လိုနေရမှာလဲဗျ။ အဘိုးကျေးဇူးတွေတောင် မဆပ်ရသေးတာကို..."
သူအမြဲလေးစားချစ်ခင်ရသည့် အဘိုးဆုံးသွားတဲ့အချိန်က သူ့လောကကြီး အမှောင်ချလိုက်သလိုပင်။
အဘိုးဆုံးပြီးသည်နှင့် အဒေါ်ဖြစ်သူက Jungkook ကို " အိမ်ပေါ်ကဆင်း " လို့ တိုက်ရိုက်မပြောပေမယ့် နေစေချင်ပုံမပေါ်။ ပြီးတော့ သူကလည်း သူ့ကိုမလိုလားတဲ့သူတွေဆီမှာ မနေလိုပေ။
အဲ့ဒါကြောင့် အဘိုးစျာပနပြီးသည်နှင့် အိမ်ပေါ်ကဆင်းလာခဲ့လိုက်သည်။ ပြီးတော့
သူအချိန်ပိုင်းအလုပ်များစွာကို မရပ်မနား လုပ်ခဲ့ရသည်။ အရမ်းပင်ပန်းခဲ့သည်။
YOU ARE READING
ALWAYS { COMPLETED }