Unicode
Tae Tae နဲ့ သူဒီအိမ်လေးကနေပဲ အတူတူရုံးသွားတက်လိုက်၊ အတူတူပြန်လာလိုက်နဲ့၊ အရမ်းကိုပျော်ဖို့ကောင်းသည်။ လက်မထပ်ရသေးတာပဲရှိတာ..အိမ်ထောင်ရေးဘဝကိုဖြတ်သန်းနေရသလိုပဲ။
ပြီးတော့ သူကဟိုတစ်နေ့ကပဲဘွဲ့သွားယူပြီးပြီမလို့ သူကျောင်းပြီးပြီးလို့လဲပြောလို့ရတာပေါ့။ အဲ့နေ့တုန်းကဆို Tae Tae ကသူ့ထက်ပိုပျော်နေခဲ့တာ။
ဒီနေ့ Tae Tae ကအလုပ်ကိစ္စနဲ့ နယ်ဘက်သွားရမှာမလို့ ပြင်ဆင်ပေးနေရသည်။ အခု Tae Tae ကရေချိုးနေပြီမလို့ သူကတော့ Tae Tae ဝတ်ဖို့အဝတ်အစားတွေထည့်ပြီး အခုဝတ်ဖို့ကိုတော့ ကုတင်ပေါ်တင်ထားခဲ့လိုက်သည်။
ပြီးသည်နှင့် မီးဖိုခန်းထဲသွားကာ Tae Tae အစာပြေစားဖို့ Sandwich ကိုဘူးထဲထည့်ပြီး Green Tea ပုလင်းလေးနဲ့အတူ စားပွဲပေါ်တင်ထားလိုက်သည်။
" Kookie ရေ.. "
" လာပြီ..Tae Tae.! "
အားလုံးပြင်ဆင်ပြီးလို့ ခုံမှာထိုင်ရုံရှိသေးသည်။ Tae Tae ကခေါ်လာပြန်တာကြောင့် အခန်းထဲသွားရပြန်သည်။ Tae Tae သူ့ကိုခေါ်ရသည်က ကိစ္စတစ်ခုသာရှိသည်။ နက်ခ်တိုင်ကိစ္စ။
အခန်းထဲဝင်သွားတော့ ထင်သည့်အတိုင်း နက်ခ်တိုင်ကို ကိုင်ပြီး ကုတင်ပေါ်ထိုင်နေသည်။
" ပေး Tae Tae.. "
Tae Tae ဆီက နက်ခ်တိုင်ကိုတောင်းကာ သူကိုယ်တိုင်ချည်ပေးရသည်။ ဒါက Tae Tae နဲ့ သူ အတူတူနေဖြစ်ကတည်းက ဖြစ်လာတဲ့ Tae Tae ရဲ့အကျင့်တစ်ခု။
သူကိုယ်တိုင်နက်ခ်တိုင်စည်းပေးမှ.... မဟုတ်လျှင် အဲ့နေ့ နက်ခ်တိုင်မပါဘဲ ရုံးတက်သည်။
" ဒီနေ့ Tae Tae ခရီးသွားရမှာလေ..အဲ့ဒါကြောင့် ကျွန်တော်နက်ခ်တိုင်တောင်မထုတ်ပေးထားတာကို "
" ဟင့်အင့်! Kookie စည်းပေးထားတဲ့နက်ခ်တိုင်နဲ့ဆိုရင် ကိုယ်အလုပ်လုပ်တဲ့အခါ ယုံကြည်မှုအပြည့်ရှိနေသလိုခံစားရတယ်..ကိုယ့်ဘေးနားမှာ Kookie ရှိနေသလိုပဲ..အဲ့ဒါကြောင့် ဒီလိုခရီးထွက်ရတဲ့အချိန်မျိုးမှာ ကိုယ်ကပိုလို့တောင် နက်ခ်တိုင်ကိုစည်းသင့်သေးတယ်..ဒါနဲ့ Kookie တစ်ခုခုမေ့နေသလားလို့? "
YOU ARE READING
ALWAYS { COMPLETED }