Unicode
ဘာလိုလိုနဲ့တစ်လဆိုတဲ့အချိန်က ကုန်ဆုံးလာပြီး Jungkook ရဲ့မွေးနေ့ကို ရောက်ရှိလာသည်။ အရင်တုန်းကတော့ သိပ်ပြီးအဆန်းတကြယ်မရှိပေမယ့် အခုတော့ရင်တွေခုန်နေမိသည်။
ဒေါ်လေးတို့နဲ့ အမွေကိစ္စစကားပြောရမယ်ဆိုတာသိပေမယ့် အခုသူ့ဘက်မှာ Tae Tae လဲရှိသလို Jin Hyung တို့၊ ရှေ့နေဦးလေးကြီးတို့လဲရှိသည်လေ။ အဲ့ဒါကြောင့် သူဘာမှမဖြစ်ပါဘူး။
" Kookie အဆင်သင့်ပဲလား ? "
အခုကတော့ သူနဲ့ Tae Tae နှစ်ယောက်သား အဘိုးအိမ်ကို ရောက်နေခြင်းပင်။ Tae Tae က သူ့ကို အဆင်သင့်ပဲလားဟု မေးလာသည့်အခါမှာတော့ သူပြုံးကာ ခေါင်းကို ဖြည်းဖြည်းညိတ်ပြမိပါသည်။
အိမ်ထဲဝင်လာတော့ ရှေ့နေဦးလေးကြီးက မရောက်သေးတာကြောင့် ဆိုဖာပေါ် Tae Tae နဲ့အတူဝင်ထိုင်လိုက်သည်။
" ကြားရတဲ့သတင်းတွေက တကယ်ဟုတ်နေတာပဲကို "
ဆိုဖာပေါ်ထိုင်လိုက်ရုံရှိသေး..အဒေါ်ဖြစ်သူရဲ့ ခနဲ့တဲ့တဲ့ လေသံကိုကြားလိုက်ရတာကြောင့် သူခန္ဓာကိုယ်လေးတောင်ကျုံ့သွားသယောင်ထင်မိသည်။ ထို့ကြောင့် Tae Tae ရဲ့ လက်အားတင်းကြပ်နေအောင်အထိဆုပ်ကိုင်မိသည်။
ဘယ်လိုပဲအားတင်းထားတယ်ပြောပြော ဒေါ်လေးကိုအနည်းနဲ့အများတော့ သူကြောက်ပါသည်။
" ကိုယ်ရှိတယ် ဘာမှမဖြစ်ဘူးနော် "
နား နားကပ်ကာပြောလာတဲ့ Tae Tae ရဲ့ လေသံလေးကြောင့် သူလဲပြန်ပြုံးပြမိသည်။ ဒီလိုအချိန်မှာ Tae Tae ရှိတာ Jungkook အတွက်တကယ့် ခွန်အား။
" တောင်းပန်ပါတယ် ကျွန်တော်နည်းနည်း နောက်ကျသွားတယ် "
" ရပါတယ် လိုရင်းကိုပဲ ပြောကြတာပေါ့။ အဖေက Jungkook ကို ဂျွန်ကုမ္ပဏီပေးတယ်ဆိုတာ ဘာအကြောင်းပြချက်နဲ့လဲ? ဂျွန်ကုမ္ပဏီကို တကယ်တမ်း စောင့်ရှောက်ခဲ့ရတာက ကျွန်မနဲ့ ကျွန်မယောက်ျားလေ အဲ့ဒါကိုဒီကောင်လေးက ဘာကိစ္စနဲ့ရ ရမှာလဲ? "
" ကျွန်တော်ပြောပြီးပါပြီ ဥက္ကဋ္ဌဂျွန်ရဲ့ ဆန္ဒဖြစ်တဲ့အတွက် အကြောင်းပြချက် မလိုပါဘူး အရှင်းဆုံးပြောရရင်တော့ ဥက္ကဌဂျွန်က Jeon Jung Kook တစ်ယောက်တည်းကိုပဲ ယုံတာမလို့ပါ "
YOU ARE READING
ALWAYS { COMPLETED }