Unicodeထိုနေ့က အမွေကိစ္စဖြစ်ပြီးတော့ ဒေါ်လေးက ဖုန်းထပ်ဆက်တယ်။ အသက်နှစ်ဆယ်ပြည့်မှ အဲ့ကိစ္စထပ်ပြောမယ်တဲ့။ ဟုတ်ပါပြီ သူတို့စိတ်ကြိုက်၊ သူတို့သဘောပေါ့။
ဘာပဲဖြစ်ဖြစ် ဒီနေ့ Jungkook စာမေးပွဲပြီးပြီဖြစ်တာမို့ ပျော်နေမိသည်။ စာမေးပွဲပြီးလို့
မပျော်တဲ့ကျောင်းသားရယ်လို့မရှိဘူးလေ။ ပြီးတော့ သူကကျောင်းပြီးပြီမို့ ပိုတောင်ပျော်မိသေးတယ်။ သူလုပ်ချင်တာတွေ လုပ်ရတော့မယ်။" Jin Hyung ကျွန်တော်ရောက်ပြီ "
" Jungkookie ဖြေနိုင်လား? "
" ဟုတ် Hyung ဒီနေ့စာမေးပွဲပြီးပြီမို့ ကျွန်တော်ဆိုင်မှာ ညအထိနေမှာနော် "
" ဟုတ်ပါပြီ ဒါနဲ့ Jungkookie အဒေါ်တို့ရော လာသေးလား? "
" မလာတော့ပါဘူး Hyung ရဲ့ "
" နောက်တစ်ခါ Jungkookie ကိုအဲ့လိုမျိုး ထပ်လုပ်ရင် Hyung ကိုသာလာပြော "
" ဟုတ်ကဲ့ပါ Hyung ရဲ့ ဟီးး "
" ရယ်မနေနဲ့ အဲ့နေ့ကဆို Jungkookie ဘာမှသေချာမစားနိုင်ဘူးလေ ပါးတစ်ခုလုံး ယောင်ကိုင်းနေတာပဲ "
" အခုတော့ ပျောက်သွားပါပြီ Hyung ရဲ့ "
" ဟုတ်ပါပြီ အဲ့ဒါဆို လွယ်အိတ်
သွားထားဦး။ ပြီးရင် တစ်ခါတည်း နှင်းဆီပန်းတွေယူခဲ့ "" ဟုတ် "
Jin Hyung နဲ့စကားပြောပြီးတော့ Jungkook လဲ အနောက်ခန်းမှာလွယ်အိတ်သွားထားရင်း နှင်းဆီပန်းတွေယူလာခဲ့လိုက်တယ်။
သူအပြင်ရောက်တော့ Jin Hyung က
ဧည့်သည်တစ်ယောက်နဲ့စကားပြောနေသည်မို့ သူလဲ ယူလာတဲ့ပန်းတွေနဲ့ ပန်းစည်းလေးလုပ်နေလိုက်တယ်။" Jungkookie ရေ Hyung ဆီ ခဏလာပါဦး "
" ဟုတ် လာပြီ Hyung "
" ဒီမှာ Jungkookie ကို မိတ်ဆက်ပေးမလို့...
Jiminတဲ့ Jungkookie ထက်တော့ ၆နှစ်လောက်ကြီးတယ် "" ဟုတ် Jeon Jung Kook ပါ "
" Park Jimin ပါ "
Jin Hyung မိတ်ဆက်ပေးတဲ့လူကိုကြည့်လိုက်တော့ Jungkook ကို ရယ်ပြနေတာ မျက်လုံးတွေမှိတ်သည်အထိပဲ။ အဲ့ဒါကြောင့်မို့ သူလဲပြန်ရယ်ပြလိုက်တယ်။
YOU ARE READING
ALWAYS { COMPLETED }