Unicodeမနက်ခင်းမှာ ကျရောက်လာတဲ့ နေရောင်ဖျော့ဖျော့လေးက လိုက်ကာကြားကနေ အခန်းထဲတိုးဝှေ့လာတဲ့အခါမှာ ထယ်ယောင်းတစ်ယောက်အိပ်နေရာကနေ နိုးထလာခဲ့တယ်။
Taehyung အရင်ကဆိုဒီအချိန်အလုပ်သွားနေပြီဖြစ်ပေမယ့် မနေ့ညက တစ်ညလုံးထိုကောင်လေးအကြောင်း တွေးနေမိတာကြောင့် မနက်လင်းခါနီးလောက်မှ အိပ်ပျော်သွားခဲ့သည်။
အချိန်လည်းနောက်ကျနေပြီဖြစ်တာကြောင့် မြန်မြန်ထကာ ရုံးသွားဖို့ပြင်ရတော့သည်။ ရုံးရောက်မှပဲ ကောင်လေးအကြောင်း ထပ်တွေးတာပေါ့။
" Jimin ဒီနေ့ကုမ္ပဏီကို ခဏလာခဲ့ "
Jimin အား ဖုန်းဆက်ပြီးသည်နှင့် သူလဲ ကုမ္ပဏီကိုထွက်လာခဲ့လိုက်သည်။
" သူဌေး ကော်ဖီသောက်မလာ? အအေးသောက်မလား? "
" ကော်ဖီပဲဖျော်ခဲ့ "
ကုမ္ပဏီရောက်သည်နှင့် အတွင်းရေးမှူးယူကမေးလာတာကြောင့် ကော်ဖီတစ်ခွက်သာဖျော်ခိုင်းလိုက်သည်။ မနက်ကလည်း ဘာမှမစားခဲ့ရတာကြောင့် ကော်ဖီလေးတစ်ခွက်တော့သောက်မှဖြစ်မည်။
ဒါနဲ့ ထိုကောင်လေးကော်ဖီဖျော်ရင်ရော ခါးသက်သက်လေးဖြစ်မလား? ချိုမြမြလေးဖြစ်မလား? သူကတော့ ကောင်လေးဘယ်လိုဖျော်ဖျော်ကြိုက်ပြီးသားပဲ။ အခုတော့ အတွင်းရေးမှူးဖျော်ပေးတာပဲ သောက်ရမှာပေါ့။
" Taehyung ငါရောက်ပြီ "
" Taehyung ? "
" ရားးး Kim Tae Hyunggggg "
" အမလေး ကောင်လေးရဲ့ "
ဒီကောင် Taehyung ဘာဖြစ်နေတာလဲ။ သူရောက်ကတည်းက မျက်နှာကပြုံးဖြီးနေတာ။ ပြီးတော့ ယောင်တာတောင်ကောင်လေးဆိုပဲ။ ဘယ်ကကောင်လေးလဲ..ခုနက ကော်ဖီလာထားသွားတဲ့ အတွင်းရေးမှူးကောင်လေးလား ???။
" Park Jimin ဘာလို့အဲ့လောက်အော်နေတာလဲ? "
" အဲ့လိုမအော်လို့ရမလားကွ! မင်းမှမကြားတာ ဒါနဲ့ မင်းဘာလို့ငါ့ကိုခေါ်တာလဲ "
" အော် အေး ပြောပြမယ် "
Taehyung လည်း Jimin ကို ထိုကောင်လေးအကြောင်းအကုန်ပြောပြမိသည်။
YOU ARE READING
ALWAYS { COMPLETED }