ALWAYS { Part-17 }

2K 174 6
                                    

Unicode

Taehyung ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ကောင်လေးကိုကြည့်ပြီး ရင်တွေနာနေမိသည်။ သူ Kookie ကိုဒီအတိုင်းလွှတ်ပေးလိုက်တဲ့ဆိုတာကလည်း ရှင်းစရာရှိတာတွေ ရှင်းဖို့အတွက်။

သို့ပေမယ့် အကုန်လုံးက သူထင်သလိုဖြစ်မလာဘူးလေ။

အဲ့နေ့က Kookie ကို ဂန်မင်ယူနဲ့ စကားပြောဖို့လွှတ်လိုက်ပြီးသည်နှင့် သူလဲ အတွင်းရေးမှူးယူက မျက်စပစ်ပြလိုက်တော့ အတွင်းရေးမှူးယူ ကလည်း အထာနပ်စွာ Kookie ရဲ့စားပွဲမှာသူထား ထားတဲ့ ဘောပင်ကိုသွားယူတော့သည်။

Kookie ကိုစိတ်မချတာမလို့ သူခရီးမသွားခင် Recording ပါတဲ့ ဘောပင်ကို Kookie ရဲ့စားပွဲမှာ သူထားခိုင်းခဲ့တာ။

" ဘယ်သူမှားလဲ မှန်လဲဆိုတာ သိရမှာပေါ့ ဟုတ်ပြီလား? "

အဲ့ဂန်မီရီဆိုတဲ့ တစ်ယောက်ကိုလည်း မှတ်လောက်သားလောက်အောင် ပညာပေးပြရမယ်။

" သူဌေး ဒီမှာပါ "

" အိုခေ နားထောင်ကြည့်ကြတာပေါ့ "

ဘောပင်မှာရှိတဲ့ ခလုတ်လေးကိုနှိပ်ပြီးကြည့်လိုက်တော့ Kookie ကို သူဖုန်းဆက်တဲ့အချိန်တုန်းက Kookie ပြောတဲ့အသံလေးတွေ၊ ပြီးတော့ ယွန်းအာနဲ့စကားပြောနေပုံတွေ၊ နောက်ဆုံး အခန်းတံခါးပိတ်ပြီး ကန်တင်းကိုထွက်သွားသည်အထိ။

အဲ့အချိန်မှာပင် တံခါးကနောက်တစ်ချိန်ပြန်ဖွင့်သံကိုကြားလိုက်ရပြီး အခန်းထဲဝင်လာတဲ့ ဒေါက်ဖိနပ်သံ၊ ပြီးတော့ စာရွက်တွေကို ရှာနေတဲ့အသံတွေ။

" Jeon Jung Kook နင်က ဒီကုမ္ပဏီကနေရော၊ သူဌေးရဲ့ဘဝထဲကပါ ထွက်သွားစေရမယ် "

" အဲ့တော့ တရားခံကမင်းပေါ့ "

" ပြောလေ ဘာလို့အခုမှ အ,နေတာလဲ? "

" ငါ့ကလေးကို ရိုက်လိုက်တာလဲမင်းမလား? အဲ့တုန်းကတော့ ဒီလိုရုပ်မဟုတ်သလိုပဲ..ဖြောင်း! ဖြောင်း! "

Kookie ကိုတမင်သက်သက် ချောက်ချတာဆိုတဲ့စိတ်နဲ့ ဘယ်လိုမှစိတ်ထိန်းလို့မရတော့။ မိန်းကလေးဆိုတာလဲ မသိတော့သလို၊ Kookie ရဲ့ပါးမှာနီရဲနေတဲ့လက်ဝါးရာကလည်း ဒီတစ်ယောက်လက်ချက်ပဲဆိုတာ သေချာနေတာမလို့ Kookie ခံစားသလိုပဲ ခံစားစေရမယ်ဆိုတဲ့စိတ်နဲ့ နှစ်ချက်ဆင့်ချလိုက်မိသည်။

ALWAYS { COMPLETED }Where stories live. Discover now