(စော်ဘွားကြီး၏နောက်ကြောင်းရာဇဝင်)
နှင်းပွင့်မင်းသမီးကမိုးနဂါးမင်းသားကိုပြန်ပြော
ပြနေရင်းရှိုက်ငိုနေမိသည်။“ညီမတော်မှာရွေးချယ်စရာမရှိပါဘူးနောင်တော်
။မင်းသားလေးရဲ့အမိန့်အတိုင်းညီမတော်ဘုရင်
မလုပ်ခဲ့ရတာပါ”“ညီတော်အခုဘယ်မှာလဲ"
“သင်တိုင်းနယ်မှာရှိမယ်လို့ထင်ပါတယ်"
“ထင်ပါတယ်ဟုတ်လား"
“သူကသွားချင်တဲ့နေရာသွားနေတာပါ။နန်းတက်ပွဲနေ့မှာနန်းတော်မှာနေပေးဖို့တောင်းဆိုတာကိုလက်မခံဘူး။ဆင်ဖြူ မင်းသားကြည့်လုပ်လိမ့်မယ်တဲ့။သူ့ကိုယ်စားဆင်ဖြူ မင်းသားကိုထားခဲ့မယ်တဲ့”
“တော်တော်ခေါင်းမာတဲ့ညီတော်လေးပဲ။ဆင်ဖြူ မင်းသားကလည်းအသုံးကိုမကျဘူး။တကယ်ဆိုညီတော်လေးကိုနန်းတက်ပွဲကနေဘယ်မှမသွား
အောင်ဆွဲထားခဲ့ရမှာ။အခုသူရှိနေတဲ့နေရာကိုအတိအကျမပြောနိုင်ဘူးလား"“အတိအကျပြောဖို့ကခက်ပါတယ်။သင်တိုင်းနယ်မှာရေလှောင်ကန်တူးတာသတ္တုကြောတွေ့
လို့ဆိုပြီးနေရာရွှေ့လိုက်တယ်။ရေလှောင်ကန်
ကိုနေရာရွှေ့ပြီးတူးမြောင်းကိုတော့ဆက်ဖောက်နေတယ်။အခုချိန်မှာသတ္တုတွင်းမှာပဲရှိမလား။တူးမြောင်းဖောက်တဲ့နေရာမှာပဲရှိမလား။ဆားကျင်းမြေကိုရောက်နေမလားမပြောတတ်တော့ဘူး”“ဘယ်သွားမယ်ဆိုတာမပြောသွားဘူးလား”
“မပြောသွားဘူး။ဒီနေ့ကဘုရင်မနန်းတက်ပွဲနေ့
မို့ပြည်သူတွေကိုအားလပ်ရက်အဖြစ်သတ်မှတ်
ပေးထားတယ်။သူကိုယ်တိုင်ကတော့အနားမယူဘူး။နန်းတက်ပွဲကိစ္စတွေကိုလည်းအမတ်ကြီးပဲစီစဉ်ပါဆိုပြီးပစ်ထားခဲ့တယ်။ညီမတော်အထင်
ကိုပြောရရင်နောင်တော့်ကိုမတွေ့ချင်လို့ရှောင်ထွက်သွားတာပဲဖြစ်မယ်"“သိပ်ဖြစ်နိုင်တာပေါ့။ကျွန်ုပ်ကမိုက်မဲတဲ့သူပဲ။ညီတော်လေးကိုအထင်လွဲသွားအောင်လုပ်ခဲ့
မိတယ်"“ဘာကိုလဲနောင်တော်"
“ဒီကိစ္စကိုမုန်တိုင်းသိပါတယ်"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...