စိန်တောင်မင်းသားကသူ့ဘက်ကလိုတာထက်ပိုပြီးအလျှော့ပေးကာဆက်ဆံလေသည်။
"ကျွန်ုပ်ကမိန်းကလေးအတွက်စားသောက်ဖွယ်
ရာတွေပို့ခိုင်းလိုက်ပါ့မယ်။အဆောင်ကိုပြန်ပြီးအေးအေးဆေးဆေးသုံးဆောင်ပါမိန်းကလေး။မိန်းကလေးပြန်လို့ရပါပြီ"စိန်တောင်မင်းသားကပြန်ခွင့်ပြုသဖြင့်ရုပ်ဆိုးမင်းသားလေးပြန်လာခဲ့သည်။တည်းခိုရာနေရာသို့ရောက်လျှင်သတ္ထုတွင်းဌာနမှတာဝန်ခံနှင့်ဆေးဆရာကြီးတို့ကိုခေါ်ပြီးအကြောင်းစုံပြောပြသည်။ဆွေးနွေးတိုင်ပင်ကြသည်။သမားတော်
ကြီးကလည်းငွေတောင်မင်းသမီး၏သစ္စာခံမို့မင်းသမီးကိုကယ်တင်ဖို့ရာသူကလည်းကူညီမည်ဟုကတိပေးသည်။နောက်တစ်နေ့တွင်သမားတော်ကြီးကရုပ်ဆိုး
မင်းသားလေးကိုလာပြောသည်။"စိန်တောင်မင်းသားကမင်းကိုခေါ်ခိုင်းပြန်ပြီ"
"ကျွန်တော်မလိုက်နိုင်ဘူးလို့ပြန်လျှောက်လိုက်
ပါ။အကယ်၍သူအမျက်ထွက်ပြီးတစ်ခုခုလုပ်ခဲ့မယ်ဆိုရင်ပိုကောင်းတယ်။ကျွန်တော်တို့အစီအစဉ်အောင်မြင်တာပေါ့""ကောင်းပြီ"
သမားတော်ကြီးကသမားတော်လေးကိုခေါ်လို့
မရကြောင်းစိန်တောင်မင်းသားကိုလျှောက်တင်လိုက်သည်။ထိုအချိန်အတောအတွင်းရုပ်ဆိုးမင်းသားလေးကသတ္ထုတွင်းမှဒဏ်ရာရထားသည့်အလုပ်သမားများကိုဆေးလိုက်ထည့်ပေးနေသည်။ထိုစဉ်ဆေးကုသဆောင်အတွင်းသို့စိန်တောင်မင်းသားဝင်ချလာသဖြင့်လူများရုတ်ရုတ်သဲသဲ
ဖြစ်သွားသည်။စိန်တောင်မင်းသားကမိုးစက်ကိုလိုက်ရှာသည်။မိုးစက်လို့သူသိထားတဲ့ရုပ်ဆိုးမင်းသားလေးကဒဏ်ရာရထားသည့်အလုပ်သမားတစ်ယောက်
ကိုအနာသန့်ရှင်းပေးနေသည်။သူလိုအိမ်ရှေ့စံ
မင်းသားတစ်ပါးကိုလျစ်လျူ ရှုပြီးသာမန်လူတစ်ယောက်ကိုဂရုစိုက်ပေးနေတာမြင်တော့ဒေါသက
ထောင်းခနဲ့ထွက်သွားသည်။ထို့ကြောင့်ရုပ်ဆိုးမင်းသားလေးကိုလက်မောင်းရင်းမှဆွဲကိုင်ပြီးဆေးကုသဆောင်အပြင်ဘက်
သို့ခေါ်ထုတ်လာခဲ့သည်။အပြင်ဘက်သို့ရောက်လျှင်ရုပ်ဆိုးမင်းသားလေးကိုမြင်းပေါ်ဆွဲတင်
ပြီးစံနန်းဆောင်ရှိရာဆီသို့မြင်းကိုဒုန်းစိုင်းပြီးထွက်သွားလေသည်။
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...