စိန်တောင်မင်းသားကသမားတော်ကြီးနဲ့အစောင့်များဘက်ကိုလှည့်ပြီးအမိန့်ပေးလိုက်သည်။
“ကျွန်ုပ်သူနဲ့စကားပြောစရာရှိတယ်။အကုန်လုံးအပြင်ထွက်ပေးပါ"
စိန်တောင်မင်းသားအမိန့်ကြောင့်အခန်းတွင်းမှလူများအားလုံးအပြင်ထွက်သွားကြသည်။အခန်းတံခါးလည်းပိတ်သွားသည်။ရုပ်ဆိုးမင်းသားလေးစိတ်ထဲတွင်စိုးရိမ်ပူပန်လာမိသည်။သူနှင့်စိန်တောင်မင်းသားကအကြိမ်ကြိမ်တွေ့ဖူးပြီးအ
ကြိမ်ကြိမ်စကားပြောဖူးသည်။စိန်တောင်မင်းသားကတစ်စုံတစ်ခုများရိပ်မိသွားလေမလားဟုတွေးမိပြီးခေါင်းကိုပိုငုံ့သွားမိသည်။စိန်တောင်မင်းသားကသလွန်ပေါ်မှထလာပြီးသူ့ရှေ့တွင်ထိုင်ချလိုက်သည်။
“ခေါင်းမော့ပါဦး”
ရုပ်ဆိုးမင်းသားလေးကစိန်တောင်မင်းသားမျက်နှာကိုမော့ကြည့်လိုက်သည်။စိန်တောင်မင်းသားကရုပ်ဆိုးမင်းသားလေးမျက်နှာကိုခပ်ဖွဖွ
ကိုင်ကြည့်ရင်းနှစ်ကိုယ်ကြားလေသံနှင့်ပြောလိုက်သည်။“မင်းယောက်ျားလေးအစစ်မဟုတ်ဘူးမို့လား"
စိန်တောင်မင်းသားထံမှမထင်မှတ်သည့်စကား
ကြောင့်ရုပ်ဆိုးမင်းသားလေးတစ်ကိုယ်လုံးထူပူသွားသည်။“ကြည့်စမ်း…မင်းမျက်နှာနီရဲနေပြီ။မင်းငါ့ကို
ရှက်နေတာလား"ရုပ်ဆိုးမင်းသားလေးကစိန်တောင်မင်းသားလက်ကိုတွန်းဖယ်လိုက်သည်။စိန်တောင်မင်းသားကသဘောကျသည့်ဟန်နှင့်ရယ်နေသည်။
“မင်းဘာဖြစ်လို့ယောက်ျားလေးလိုဟန်ဆောင်နေတာလဲ"
ရုပ်ဆိုးမင်းသားလေးစိတ်ထဲအကြံတစ်ခုရသွားသည်။သူကခေါင်းငုံ့ပြီးကြိတ်ပြုံးလိုက်မိသည်။ထို့နောက်စိန်တောင်မင်းသားစကားကိုချော်လဲ
ရောထိုင်လုပ်ကာပြောလိုက်သည်။“ဒီသတ္ထုတွင်းမှာမိန်းကလေးမရှိဘူး”
“သြော်ဟုတ်သားပဲ။ယောက်ျားလေးတွေချည်းပဲရှိတဲ့နေရာမှာမိန်းကလေးတစ်ယောက်အတွက်
နေရခက်မှာပဲဒီအတိုင်းပဲဆက်နေပါ”
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...