(ရုပ်ဆိုးမင်းသားလေး၏မူဝါဒသစ်)
နောက်တစ်နေ့မနက်တွင်ဆင်ဖြူ မင်းသားနှင့်ရုပ်ဆိုးမင်းသားလေးတို့မနက်စာကိုအတူတကွသုံးဆောင်နေကြသည်။
ရုပ်ဆိုးမင်းသားလေးကစကားတစ်ခွန်းမှမပြောဘဲအစားအသောက်များကိုတရစပ်စားနေသဖြင့်ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုကြည့်ပြီးစိတ်မသက်မသာဖြစ်နေမိသည်။
“အဟွတ်…အဟွတ်…အဟွတ်"
ရုပ်ဆိုးမင်းသားလေးကဟင်းရည်သောက်ရင်းသီးသွားသဖြင့်ဆင်ဖြူ မင်းသားကရေခွက်ကိုကမ်းပေးရင်းပြောလိုက်သည်။
“ဖြေးဖြေးသုံးဆောင်ပါကဉ္စနရယ်။မင်းစားနေတာကပုံမှန်မဟုတ်ဘူး။မနေ့တုန်းကနောင်တော်မိုးနဂါးမင်းသားပြန်သွားလို့စိတ်မကောင်းဖြစ်ပြီးဘာမှမစားဘူး။ဒီနေ့ကျတော့လည်းတရားလွန်ကြီးစားနေပြန်ပြီ"
“ငါသိတယ်။သိသိကြီးနဲ့စားနေတာပါ။ရပ်လိုက်
ရင်ငါဆက်ပြီးစားလို့ရမှာမဟုတ်တော့ဘူး"“အဲလောက်ကြီးကိုယ့်ကိုယ်ကိုဒုက္ခမပေးစမ်းပါနဲ့"
“မင်းမသိပါဘူးနန္ဒရာ။ငါတို့တိုင်းပြည်ရဲ့ရှေ့ရေးအတွက်ငါအားမွေးထားမှဖြစ်မယ်။ငါပြိုလဲသွားလို့မဖြစ်ဘူး"
“ဒါတော့ဒါပေါ့။ဒါပေမဲ့ကိုယ့်ကိုယ်ကိုပင်ပန်းအောင်မလုပ်ပါနဲ့တော့။မနေ့တုန်းကနောင်တော်
မိုးနဂါးမင်းသားကိုပြောလိုက်တဲ့စကားတွေကတမင်တကာစိတ်နာသွားအောင်၊လက်လျှော့သွားအောင်ပြောလိုက်တာမဟုတ်လား"“မင်းသိရင်နှုတ်ဆိတ်ပြီးနေပေး။ဒီကိစ္စကိုပြန်ပြီးအစမဖော်နဲ့"
“ကောင်းပြီလေ"
“မင်းဘယ်တော့ပြန်မှာလဲ"
“ဟမ်…ငါ့ကိုလည်းနှင်ချတော့မယ်ပေါ့"
“တောင်းပန်ပါတယ်။ငါဒီနန်းတော်ထဲမှာမနေချင်တော့လို့ပါ။မင်းပြန်ရင်ငါတိုင်းခန်းလှည့်မလို့"
“အဲဒါဆိုငါဒီနေ့ပဲပြန်လိုက်တော့မယ်။မင်းအစားကိုပုံမှန်စားပြီးစိတ်ချမ်းသာအောင်နေ။တစ်ခုခုဖြစ်ရင်အသေးအဖွဲလေးပဲဖြစ်ဖြစ်အချိန်မရွေးငါ့ဆီကိုလူလွှတ်ပြီးပြော။ငါချက်ချင်းပြေးလာခဲ့မယ်"
VOCÊ ESTÁ LENDO
The Ugly Prince(u&z)(Completed)
Ficção Geralဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...