Episode (2)

1.6K 130 7
                                    

(1)

"Eomma!!!Good Morning!!"

Taoအခန်းတံခါးလေးကို အသာလေးဖွင့် ခေါင်းလေးပြူပြီး သူမမေမေအား လှမ်းနှုတ်ဆက်လိုက်သည်....Taoအသံလေးကြားတော့ နောက်ကျော၌ခေါင်းအုံးလေးခုကာ ပြတင်းပေါက်ဘက်သို့ငေးကြည့်နေသော သူမမေမေ အသာလေးလှည့်လာကာ မျက်လုံးကလေးများတောက်ပလျက် သမီးမျက်နှာလေးမလွတ်တမ်းကြည့်ကာ ပြုံးပြနေလေ၏...

"WoW!!!ဒီနေ့ uri eommaကြည့်ရတာ ပျော်စရာတခုခုတွေ့ထားတဲ့ပုံပဲ...မျက်နှာလေးက ရွှင်လန်းနေလိုက်တာ...အာဘွား.."

ပြောရင်းဆိုရင်း မေမေ့ပါးပြင်လေးကို Taoတစ်ယောက် သူမနှုတ်ခမ်းသေးသေးလေးကို အစွမ်းကုန်ဆွဲထော်လျက် မလွတ်စတမ်း အားရပါးရနမ်းလိုက်ပြန်ပြီလေ...

*တကယ်တော့..မေမေ့မျက်နှာမှာ အသားဆိုလို့တစ်နေရာမှ မရှိတော့ပါဘူး..ညိုမှောင်နေတဲ့မျက်ကွင်းတွေ.အရိုးငေါငေါထွက်နေတဲ့ ပါးရိုးတွေက မေမေ့အလှကို ကွယ်ပျောက်စေခဲ့ပါပြီ...ဆေးရှိန်တွေကြောင့် မွဲညစ်လာတဲ့မေမေ့အသားအရေနဲ့ မေမေ့နှုတ်ခမ်းပါးလွှာ...ချိုင့်ဝင်နေတဲ့မေမေ့ပါးပြင်နှစ်ဖက်ကြောင့် ခုအချိန်ကြည့်မလှတော့ပေမယ့် သွယ်လျဖြောင့်စင်းလှတဲ့နှာတံနဲ့ ခပ်ထူထူစင်ရော်မျက်ခုံးတစ်စုံတို့က မေမေအရင်တုန်းက ဘယ်လောက်တောင်လှခဲ့တယ်ဆိုတာကို ဖော်ကျူးနေတုန်းပါပဲ...ကျွန်မ လာပြီဆိုရင် ရောင်ခြည်တန်းလေးတွေဖြတ်ပြေးသွားတဲ့မေမေမျက်လုံးလေးတွေ...နွေးထွေးဆဲဖြစ်တဲ့မေမေ့ရင်ခွင်လေး...ကျွန်မကို အားဆေးတစ်ခွက်လို စွမ်းအားတွေပေးတဲ့မေမေ့စကားသံတွေက ကျွန်မကို မေမေနဲ့မခွဲနိုင်အောင် ပြုစားသထက်ပြုစားထားခဲ့ပါပြီ...*

"အမလေး....ရပါပြီ...ဒီလောက်ချွဲရင် တော်ပါပြီရှင်...ဟားးဟားး..."

မေမေ့ရယ်သံလေးကြားတော့ Taoစိတ်ပင်ပန်းသည်များ စိတ်ညစ်သည်များ ပျောက်ချင်းမလှပျောက်သွားခဲ့လေပြီ...

"အမလေး...လာပါဦး မေမေ့ဆီကို...ကြည့်စမ်း...မျက်နှာကလေး ချောင်ကျသွားလိုက်တာသမီးရယ်...နေမကောင်းဘူးလား??"

Taoမျက်နှာလေးကို ဆေးပိုက်များတသီတတန်းဆက်ထားသော သူမ၏အရိုးကြဲကြဲ လက်ကလေးနှစ်ဖက်နှင့် သူမမျက်နှာရှေ့ရောက်အောင် အသာဆွဲရင်း သမီးမျက်နှာလေးကို Scanဖတ်ရသည်က ဒီအမေ၏မပျက်မကွက် လုပ်စဉ်တစ်ခု...Taoမျက်နှာ နည်းနည်းလေးပြောင်းသွားလျှင်ပင် သူမအကဲခတ်နိုင်၏..ယခုကဲ့သို့ မျက်နှာလေးဖြူဖပ်ဖြူရော်နည်းနည်းလေး ဖြစ်နေပြီဆိုလျှင်တော့ သူမလက်ဖမိုးလေးက Taoနဖူးပြင်ပေါ်သို့ အလိုအလျောက်ရောက်ပြီးသား...သည်လောက်ထိ ဂရုစိုက်စောင့်ရှောက်ပေးသည့် သည်အမေကို မျက်နှာလေးဝအောင် မကြည့်လိုက်ရပါဘဲနှင့်...အိမ်ကောင်းကောင်း၏အိမ်ဦးခန်းတွင်ထားပြီး လိုလေသေးမရှိအောင် မပြုစုလိုက်ရပါဘဲနှင့် စွန့်ခွာရက်မည်တဲ့လား...

Someone's Hiding In My HeartHikayelerin yaşadığı yer. Şimdi keşfedin