1)
ရေများစိုရွှဲသော Krisအဝတ်အစားများကို လဲလှယ်ပေးရင်း အင်္ကျီကြယ်သီးလေးများအား ဂရုတစိုက်တပ်ပေးနေလေတော့ Taoခမျာ Krisစိုက်ကြည့်နေသည်ကိုပင် သတိမမူမိ...
"ကဲ...အက်ႌလဲၿပီးသြားပါၿပီ..."
"Yeolရော...မလဲတော့ဘူလား..."
"Yeolက ရပါတယ်မောင်ရဲ့...နောက်မှ အန်တီ့ဆီက ယူလဲလိုက်မယ်.."
"အဲဒီလိုတော့ မဖြစ်သေးပါဘူး....Yeol ခဏနော်...မောင် Yeolအင်္ကျီသွားယူပေးမယ်..."
ပြောပြောဆိုဆိုနှင့် Krisတစ်ယောက် အဝတ်ဗီဒိုဘက် ခပ်သွက်သွက်ပြေးသွားပြီး သီးသန့်အံဆွဲထဲမှ ဖြူလွလွဂါဝန်လေးတစ်ထည်ကို ဆွဲထုတ်လိုက်သည်...
"Yeol...ဒီမှာ Yeolအင်္ကျီ...မောင် သေချာသိမ်းထားတာ...ဒါလေးလဲထားလိုက်နော်...မိုးတွေအရမ်းရွာတဲ့နေ့က Yeol မောင့်အင်္ကျီလဲပြီးပြန်သွားတော့ကျန်ခဲ့တာလေ...အဲဒါမောင်အသေအချာ သိမ်းထားတာ..."
Krisကမ်းပေးလိုက်သော အင်္ကျီကို Taoအသာလေးယူရင်း အဝတ်လဲခန်းထဲသို့ လျှောက်လာခဲ့သည်...
*Yeol က Krisအတွက် အမှတ်တရတွေတော်တော်ထားခဲ့တာပဲ...အဲဒါကြောင့်လည်း လွယ်လွယ်မမေ့နိုင်သေးတာပေါ့...ရှင်လည်း တော်တော်လေးချစ်ခဲ့တာပါလား Krisရယ်....*
2)
"Wow!!လှလိုက်တာ Yeolရယ်...အရင်အတိုင်းပါပဲလား..."
Taoအဝတ်လဲခန်းမှထွက်လာလိုက်သည်နှင့် ဆီးကြိုနေသောKrisစကားလေး...
လည်ထောင်ကလေးနှင့် ဒူးကလေးမဖုံးတဖုံးရှည်လျားသောဂါဝန်ဖြူလေးက Taoခန္ဓာကိုယ်ကောက်ကြောင်းလေးအတိုင်း အလိုက်သင့်ကလေးလျှောဆင်းသွားပုံက တကယ့်ကိုTaoကိုယ်လုံးလေးနှင့်တိုင်းချုပ်ထားလေသလား အောက်မေ့ရလောက်အောင်ပင် သေသပ်လွန်းလှသည်လေ...ကျေနပ်စွာငေးကြည့်နေသောKrisခြေလှမ်းတို့က Taoဆီသို့ တဖြည်းဖြည်းနီးကပ်လာပြီး မတပ်ရသေးသော လည်ပင်းကြယ်သီးလေးကို လက်ရွယ်လိုက်တော့ Taoကြောက်ကြောက်နှင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိသည်..."ဟားဟား..စိတ်ချပါ Yeolရယ်...မောင် ဘာမှမလုပ်ပါဘူး...ကြယ်သီးလေးပဲတပ်ပေးမှာပါ...ဒီကြယ်သီးလေးတပ်ဝတ်ရင် ပိုလှပါတယ်လို့ပြောထားတာကို ခုထိခေါင်းထဲမထည့်ထားဘူးကြည့်.."
ŞİMDİ OKUDUĞUN
Someone's Hiding In My Heart
FanficThis is the second fanfiction of mine.. In this fanfic,Tao is a nurse of well-known hospital in Korea...Everybody, not only doctors but also patients & their familys love her...One day, she heard about looking for a nurse from a rich family for look...