(1)မနက်ခင်းနေရောင်ခြည်ပြင်းပြင်းလေးက မှန်ပြတင်းပေါက်လေးကိုကျော်၍ Taoမျက်နှာလေးပေါ်သို့ ပူပူနွေးနွေးလေးဖြတ်ပြေးသွားတော့မှ သူမ အိပ်ရာပေါ်မှအလူးအလဲထလျက် ခုံတင်နာရီလေးကို ဝေဝေဝါးဝါးကြည့်လိုက်သည်....
"Omo!"
နာရီလက်တံတို့အချက်ပြနေသည့်နေရာကား Krisတို့အိမ်သွားချိန်ကိုပင် ကျော်နေပြီဖြစ်သဖြင့် Tao ကုတင်ပေါ်မှ သုတ်သီးသုတ်ပျာထ၍ အလုပ်သွားရန် ပြင်ဆင်ရတော့သည်...မနေ့ညက Kris Diaryစာအုပ်ထဲမှ ရိုက်ခဲ့သမျှစာများကို အလွတ်နီးပါးရစေရန် ရှေ့နောက်လှန်လှော ညဥ့်နက်သည်အထိ လေ့လာခဲ့ရသဖြင့် မနက်ကျ မထနိုင်တော့...သည်လိုနှင့် ဒီနေ့တော့ Taoတစ်ယောက် လှတပတမပြင်အားတော့ဘဲ Krisတို့အိမ်သို့ ကမန်းကတန်း ဦးတည်ခဲ့ရလေတော့သည်....
(2)
"Annyeonghaseyo~~~"
"သမီးလာပြီလား??အပေါ်တက်သွားလိုက် သမီးရေ...သားက မနက်ကတည်းက သမီးကိုစောင့်နေတာ...သမီးလာမှ မနက်စာစားမယ်ဆိုပြီး ဂျီကျနေလို့ ခုထိ သူ့ဆီမနက်စာတောင် မပို့ရသေးဘူး...အော်! ဒါနဲ့ သမီးရော... မနက်စာစားပြီးပြီလား??"
"ဟို...သမီး...ဒီနေ့...အိပ်ရာထနောက်ကျတာနဲ့....မနက်စာ....မစားခဲ့ရဘူး အန်တီ..."
Taoခေါင်းလေးငုံ့ကာ မဝံ့မရဲပြောနေသည်ကိုပင် Krisအမေတစ်ယောက် သဘောကျမဆုံးသဖြင့်....
"Aigoo....Taoလေး ချစ်စရာ ကောင်းလာလိုက်တာ...နောက်ဆိုအိမ်က မနက်စာမစားခဲ့နဲ့နော်..အန်တီတို့အိမ်ရောက်မှစား...အန်တီ သမီးကြိုက်တာလေးတွေ စီစဉ်ပေးမယ်..ဘာမှအားမနာနဲ့နော်သမီး...အန်တီကတော့ သမီးမြင်ရင် ဘယ်လိုချစ်မိမှန်းကိုမသိဘူး...ကဲ..ကဲ...အန်တီ သားအတွက်ကော သမီးအတွက်ပါ မနက်စာကို အပေါ်ပို့ပေးလိုက်မယ်နော်..သမီး အပေါ်ကပဲ စောင့်နှင့်လိုက်ဟုတ်ပြီလား..."
"ဟုတ်..ကျေးဇူးတင်ပါတယ် အန်တီ..."
(3)
Krisအခန်းလေးထဲ Tao ဝင်သွားတော့ Krisက အခန်းဝလေးကို မျက်နှာမူပြီး အိပ်ပျော်နေတုန်း...Krisအိပ်နေတာလေးမြင်တော့ Taoမျက်နှာလေး ကြည်နူးရိပ်လေးဖြတ်ပြေးသွားသည်ကိုတော့ သူမပင်သတိမထားမိလိုက်...Tao သူမ အိတ်ကလေးကို စားပွဲပေါ်တင်လိုက်ပြီး ကုတင်စွန်းလေးတွင်ထိုင်လျက်....
![](https://img.wattpad.com/cover/29808987-288-k239692.jpg)
ŞİMDİ OKUDUĞUN
Someone's Hiding In My Heart
FanfictionThis is the second fanfiction of mine.. In this fanfic,Tao is a nurse of well-known hospital in Korea...Everybody, not only doctors but also patients & their familys love her...One day, she heard about looking for a nurse from a rich family for look...