Episode (4)

948 126 20
                                    

(1)

"Bell Ring..."

"ဟော!!သမီးTaoလာပြီထင်တယ်....ahjumaရေ...ဒါလေးလက်စသတ်လိုက်နော်..ကျွန်မ တံခါးသွားဖွင့်လိုက်ဦးမယ်..."

မီးဖိုချောင်ထဲ၌အလုပ်ရှုပ်နေသော Krisမေမေတစ်ယောက် ကမန်းကတန်း လက်ဆေးလျက် တံခါးဖွင့်ရန် ပြေးသွားလေ၏...

"အို!!"

Krisမေမေ တံခါးဖွင့်ပြီး Taoကိုမြင်တော့ ခေတ္တခဏမျှ အသက်ရှုရပ်သွားသလိုလို...

"Wow!!!ချောလိုက်တာသမီးရေ...နတ်သမီးလေး ကျနေတာပဲ.."

Krisမေမေ အံ့ဩလည်း အံ့ဩချင်စရာ...Taoက ဒီနေ့တွင်မှ ထူးထူးခြားခြားအလှပြင်လျက် လှချင်တိုင်းလှနေသည်ကိုး...တကယ်တော့ Tao အပြောင်းလဲကြီးပြောင်းလဲသွားသည်က တခြားတော့မဟုတ်...Yeolအဖြစ်ကိုခံယူလိုက်သော Taoအဖို့ Yeolနဲ့ဆင်အောင် ဒီလောက်တော့ လုပ်ယူရပေမည်မဟုတ်လား...တစ်ကြိမ်တစ်ခါမှ ဖားလျားမချဖူးသော ပိတုန်းရောင်ဆံနွယ်လေးများကို အကျအနဖြီးလိမ်းလျက် နှစ်ရှည်လများ အရောင်မတင်ဖူးသော Taoမျက်နှာလေးတို့က ပန်းနုရောင်လေးသန်းကာ မိန်းကလေးတစ်ယောက်၏အလှကို ပိုမိုအားဖြည့်ပေးနေလေ၏....Taoခန္ဓာကိုယ်လေးနှင့် အလိုက်သင့်လေးသွယ်ဆင်းလျက်ရှိသောဂါဝန်လေးကလည်း သူမအလှကို ပိုမိုကြွရွစေသည်လေ....

"အန်တီ...အန်တီ့ကို...သမီး အကူအညီတောင်းစရာလေးတစ်ခု ရှိပါတယ်...အန်တီကူညီပေးမှ အဆင်ပြေမှာမို့လို့ပါ..."

"ရပါတယ် သမီးရဲ့..ပြောလေ...အန်တီ ဘာလုပ်ပေးရမလဲ??"

(2)

*အိပ်ရာနိုးလို့ ကျွန်တော်မျက်နှာသစ်ခြေလက်ဆေးပြီး သန့်စင်ခန်းထဲကနေထွက်လာတော့ အလိုက်သင့်ပြင်ထားပြီးသားမနက်စာက ရောက်နေနှင့်ပြီလေ...အင်း....မိသားစု လူစုံတက်စုံထိုင်ပြီး ထမင်းမစားဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီပေါ့...ဘယ်သူနဲ့မှလည်းမတွေ့ချင် မပြောချင်လို့ ဒီလိုမျိုးအခန်းအောင်းနေရတာက ကျွန်တော့အတွက်တော့ တော်တော်သက်တောင့်သက်သာရှိပါတယ်..Yeolပြန်အလာကို ပြတင်းပေါက်လေးကနေမျှော်ကြည့်ရင်း ကုန်လွန်ခဲ့တဲ့နေ့ရက်တွေကလည်း မရေမတွက်နိုင်အောင်ရှိခဲ့ပြီပေါ့...အာ!ခုမှသတိရတယ်...ဟိုတစ်နေ့က ကျွန်တော့်ဆီကို Yeolအလည်လာခဲ့သေးတယ်ထင်တယ်...ကျွန်တော့်နောက်ကိုလူဆိုးတွေလိုက်လို့ ပြေးနေတုန်းက ကူကယ်ရာရလိုရငြား Yeolနာမည်လေးကိုရွတ်လိုက်မိတော့..."Yeol...ရှိတယ်လေ မောင်..."ဆိုပြီး ကျွန်တော့လက်ကလေးကိုဆုပ်ကိုင်ပြီး ကျွန်တော့ကို လူဆိုးတွေလက်ထဲကနေကယ်ထုတ်သွားခဲ့တာ....Yeolရယ်....အရမ်းတွေ့ချင်တာပဲကွာ...မောင့်ဆီ မြန်မြန်ပြန်ခဲ့ပါတော့...*

Someone's Hiding In My HeartHikayelerin yaşadığı yer. Şimdi keşfedin