Episode (3)

1.2K 128 17
                                    

(1)

တတိယအကြိမ်မြောက် ရောက်ရှိလာပြီဖြစ်သော Tao၏ခြေအစုံတို့က Krisတို့အိမ် ခြံတံခါးဝလေး၌ အတန်ကြာအောင် ရပ်တန့်လို့နေလေ၏...လူခေါ်ဘဲလ်လေးဆီသို့ လက်ရွယ်လိုက်သော်လည်း ပြန်ရုတ်ခဲ့ရသည်က တစ်ခါနှစ်ခါမက...အခုချိန်ထိ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာမချရသေးဘဲ Taoခြေလှမ်းတို့က အလိုလိုနေရင်း ဤနေရာသို့ ရောက်လာခဲ့ပြန်ပြီ...Taoဝေခွဲမရနိုင်ဖြစ်နေစဉ်မှာပင် ခြံတံခါးကြီးရုတ်တရက်ပွင့်သွားပြီး အနောက်တိုင်းဝတ်စုံကိုအကျအနဝတ်ဆင်ထားသော လူကြီးပိုင်းအမျိုးသားတစ်ဦးထွက်လာလေ၏...အနောက်ဘက်တွင်လည်း ဝတ်စုံဆင်တူနှင့်Body Guardများ...နောက်ဆုံးထွက်လာသူကတော့ Krisမေမေ...Taoကိုတွေ့တော့ အားလုံး၏ခြေလှမ်းများရပ်တန့်သွားပြီး အအံ့ဩဆုံးသူက Kris မေမေ...

"သမီး...Tao...သမီး...အန်တီတို့ဆီပြန်လာတယ်ပေါ့နော်..."

Krisမေမေ၏စကားသံတို့က ပျော်လွန်းသဖြင့် တုန်ယင်နေလေ၏...
Taoခေါင်းလေးကို မရဲတရဲညိတ်လိုက်မိသည်...ရွေးချယ်စရာလမ်းမရှိတော့သည့်အချိန်တွင် ကောက်ရိုးတစ်မျှင်ပင်ဖြစ်ဖြစ် မရမက ဆွဲထားရမည်မဟုတ်လား...အခက်အခဲများပြည့်နှက်နေသည့်   Taoဘဝလေးကို ကယ်ဆယ်နိုင်မည့်သူက ခုချိန်တွင် Krisတို့မိသားစုကလွဲ၍ တစ်ပါးသူမရှိ...

"သမီးရေ...အန်တီလေ...သမီးကိုကျေးဇူးတင်လွန်းလို့ ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ပါဘူး...တကယ်ကျေးဇူးတင်ပါတယ်...တကယ်...ကျေးဇူးပါသမီးရေ..."

ပြောပြောနှင့် Krisမေမေ Taoကို ပြေးဖက်လိုက်သည်...Krisမေမေက ကျေးဇူးအထပ်ထပ်တင်နေသော်လည်း Taoမျက်နှာလေးကတော့ အပြုံးအပျော်တို့ကင်းမဲ့နေဆဲပင်...

"ယောက်ျားရေ....သူက ကျွန်မရှင့်ကိုပြောပြောနေတဲ့ သားရဲ့သူနာပြုဆရာမလေးTaoဆိုတာလေ...."

"သမီးက Taoလား...ခုမှပဲ လူချင်းတွေ့ဖူးတော့တယ်...ဦးက Krisဖေဖေပါ...သားမေမေပြောပြထားလို့ အခြေအနေတွေအားလုံး  ဦးလေးသိထားပြီးပါပြီ...သမီးကို အရမ်းလည်းအားနာမိပါတယ်...သမီးဒီရက်ပိုင်းမလာတော့ ဦးလေးက သားမေမေကို တခြားသူနာပြုငှားဖို့ပြောပေမယ့် နည်းနည်းလောက်စောင့်ကြည့်ပါရစေဆိုပြီး သမီးကိုမျှော်နေရှာတာ...သားမေမေကတော့ သမီးကို သံယောဇဉ်တွေဖြစ်နေပြီသမီးရေ...မိန်းမရေ...ခုတော့ မင်းဆုတောင်းတွေ ပြည့်သွားပြီပေါ့ကွာ...ဟားဟား..."

Someone's Hiding In My HeartHikayelerin yaşadığı yer. Şimdi keşfedin