(1)
*အင်းးး...လိပ်စာထဲက အတိုင်းဆိုရင်တော့ ဒီအိမ်ပဲ..*
Taoတစ်ယောက် လိပ်စာကတ်ကလေးတစ်ခုကိုင်ကာ တစ်အိမ်ပြီးတစ်အိမ်ရှာလာခဲ့ရင်း နောက်ဆုံးတော့ သူမရှာနေခဲ့သည့်အိမ်အား တွေ့ခဲ့လေပြီ...ခြံတံတိုင်းကြီးက အတော်လေးမြင့်သည့်အတွက် အိမ်ထဲသို့ လုံးဝမမြင်ရ....နံနက်ပေမဲ့ လမ်းကလည်း လူသွားလူလာသိပ်မရှိ....မနက်လေ့ကျင့်ခန်းလုပ်၍ အိမ်ပြန်လာကြသော လူတစ်ယောက်စနှစ်ယောက်စလောက်သာရှိသည်.. .လူကုံထံ သူဌေးရပ်ကွက်မို့ပေလားတော့မသိ...အတော်လေးတိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းလှသည်...
(2)
နောက်ဆုံးတော့ သူမရောက်လာခဲ့ပါပြီ...ဤတံတိုင်းပိတ်ကားနောက်မှ သူမမမြင်နိုင်သေးသောလူနာတစ်ယောက်....ဘယ်လိုပုံစံ ဘယ်အနေအထားရှိသည်ကို သူမသတိမထားနိုင်ဘဲ သူမဤအလုပ်ကို အတင်းမရမကတောင်းယူခဲ့သည်...ကတိတွေအထပ်ထပ်ပေးရင်း မည်သည့်အရာကိုမျှ ဂရုမစိုက်အားဘဲ ဤအလုပ်ရရန်အတွက် သူမအတင်းအဓမ္မတောင်းဆိုခဲ့သည်...သင့်တော်၏ မသင့်တော်၏ မစဉ်စားအား...အရေးကြီးသည်က ဤအလုပ်ရရေးတစ်ခုသာ...
.Taoတစ်ယောက် အိမ်ကြီးကို တစိမ့်စိမ့်ကြည့်ရင်း လွန်ခဲ့သောတစ်ပတ်ခန့်ကနေ့ရက်များက သူမအတွေးထဲတဖန်ပြန်လည် နိုးကြားအသက်ဝင်လာခဲ့ပြန်သည်...
(3)
"Taoရယ်....ဌာနမှူးကို တစ်ချက်လောက်သွားခေါ်လာခဲ့ပေးပါဟယ်...အစည်းအဝေးစတော့မယ်တဲ့.."
"ဟုတ်ကဲ့..sanbae..ခု သွားခေါ်လာခဲ့ပါ့မယ်..."
သူမနာမည်...Taoပါ...ဆိုးလ်မြို့ရဲ့နာမည်ကြီးဆေးရုံတစ်ရုံရဲ့ သူနာပြုဆရာမလေးပေါ့...အသက်ကလည်း ငယ်ငယ်ရွယ်ရွယ်...လူကလည်း ဖျတ်ဖျတ်လတ်လတ်ပေမို့..ဆရာဝန်များ သူနာပြုများသာမက လူနာများနှင့် လူနာမိသားစုများပါမကျန် ချစ်ကြသည်...မျက်နှာလေးက အရမ်းကြီးချောလှသည်တော့မဟုတ်...သို့ပေမယ့် တစ်ချိန်လုံးပြုံးနေတတ်သည့် သူမမျက်နှာလေးကတော့ မြင်ရသူတိုင်းကို စိတ်ချမ်းသာစေသည်ကတော့အမှန်...အလုပ်ဝင်သည့်အချိန်မကြာသေးပေမယ့် ဆေးရုံတစ်ခုလုံးသူမကို မသိသူက ခပ်ရှားရှား..ခုလည်း အစည်းအဝေးအတွက် သူနာပြုဌာနမှူးကို ခေါ်ရန် ရုံးခန်းရှိရာဘက်သို့ အပြေးကလေးလာနေလေ၏...
ŞİMDİ OKUDUĞUN
Someone's Hiding In My Heart
FanfictionThis is the second fanfiction of mine.. In this fanfic,Tao is a nurse of well-known hospital in Korea...Everybody, not only doctors but also patients & their familys love her...One day, she heard about looking for a nurse from a rich family for look...