1

1.1K 68 1
                                    

"ကို.." တိုးညှင်းစွာခေါ်ရင်း ရင်ခွင်ထဲကကောင်လေးသည် မိမိကိုမော့ကြည့်လာသည်

တစ်ခါတရံမှ ခေါ်ဝေါ်တတ်သောနာမ်စားတစ်ခုဟာ နှလုံးသား တစ်ခုလုံးမြူးထူးအောင်ပင် တတ်စွမ်းနိုင်၏

ဒီကလေးဟာ သိပ်ကိုတတ်စွမ်းပါသည်
နှလုံးသားတစ်ခုလုံးကိုပင် စကားတစ်ခွန်း အပြုံးတစ်ချက်နဲ့ လှုပ်ခါပစ်နိုင်သည်

လိုအပ်သည်ထက် နှစ်လိုဖွယ်ကောင်းသောသူ၏မွေးရာပါ အစွမ်းကြောင့်လား
တန်ဖိုးထားသူ၏ ခံယူချက်ကြောင့်လားတော့ ကာယကံရှင်မှအပ မည်သူမျှမဆုံးဖြတ်နိုင်...။

"အွန်း ပြောလေ Hannie" လက်နုနုကိုဆုပ်ကိုင်ရင်း အခွင့်ပေးလိုက်တယ်

"Sad endingတွေကို ကျွန်တော်အရမ်းမုန်းတာပဲ" တဲ့

ကောင်လေးရဲ့စကားသံအဆုံး Minho ရယ်မိတယ်
သူသိလိုက်ပါပြီ ဒီကောင်လေး ဝတ္ထုဖတ်ထားပြန်ပြီဆိုတာ

"ရယ်စရာပါလို့လား Hyung?" ရင်ခွင်ထဲကနေထွက်ကာ မျက်နှာချင်းဆိုင်အနေထားဖြင့် မျက်စောင်းတွေလှိမ့်ထိုးနေသူ

"ကဲပြော..ဒီတစ်ခါဖတ်ထားတဲ့ဝတ္ထုက ဘာဖြစ်ပြန်ပြီတုန်း?"
လေတဖြူးဖြူးမှာ လွင့်နေတဲ့ Jisung ရဲ့ ပိတုန်းရောင်
ဆံသားတွေကို နားရွက်နောက်သို့သပ်တင်ပေးကာ မေးလိုက်တော့ အနှီကောင်က မျက်နှာဖျော့ဖျော့နဲ့ စကားဆိုပြန်တယ်

"မင်းသားက မင်းသမီးကိုထားခဲ့ပြီးထွက်သွားတယ်တဲ့"

ခဏတာ ငြိမ်သက်သွားပြီးမှ ဆက်လက်ကာ

"တစ်နေ့မှာ Hyung ကျွန်တော့ကိုထားသွားရင်ရော? သေချာတယ် အဲ့လိုသာဖြစ်ခဲ့ရင် ကျွန်တော်ငိုမိမှာပဲ..
ကျွန်တော်က ကြေကွဲရတဲ့အဆုံးသတ်တွေကို တအားမုန်းတာ"

Jisung ကို ရင်ခွင်ထဲပြန်ထည့်ကာ အရင်ကထက်ပိုပြီး ခပ်တင်းတင်းဖက်ထားလိုက်တယ် ကောင်လေးရဲ့ပုခုံးပေါ် မိမိခေါင်းလေးကိုတင်လို့ပေါ့

"မင်းသိလား Hannie..ကိုယ်မင်းကိုဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူး..နောက်ဆုံးကွာ ကိုယ်သေဆုံးသွားရင်တောင် Hannie အနားမှာ ဝိဥာဉ်တစ်ခုအဖြစ် စောင့်ရှောက်ပေးနေမှာ ဒါကြောင့် Hannieက ကိုယ့်ကိုပဲယုံပေးပြီး ဘာမှလျှောက်မတွေးနဲ့နော် ဟုတ်ပြီလား?"

A story without endingWhere stories live. Discover now