"Hyung ဒီည စောစောပြန်လာမှာလား"
"နည်းနည်းတော့နောက်ကျမယ် ဖေဖေနဲ့မြေကွက်သွား ကြည့်စရာရှိသေးလို့ နေရာကမြို့ပြင်ဘက်မှာဆိုတော့ အသွားအပြန်ကြာမှာမလို့...ကိုယ့်ကိုစောင့်မနေနဲ့နော် စောစောအိပ်နှင့် ကြားလား Hannie"
"ဘယ်လောက်ထိနောက်ကျမှာလဲ?" စူပုပ်နေတဲ့ မျက်နှာနဲ့ Minhoရဲ့ အင်္ကျီနက်ခ်တိုင် ကိုသေချာချည်ပေးနေတဲ့ ကောင်လေးက မေးတယ်
"12နာရီနောက်ပိုင်းလောက်မှ ပြန်ရောက်မယ်..အဲ့ဒါကြောင့် မစောင့်နဲ့ စောစောအိပ်" အနက်ရောင်ဆံသားမွမွလေးတွေကို
လက်လျှိုထိုးကာ ဖွရင်းပြောတော့ ရင်ခွင်ထဲအလိုက်သင့်လေး တိုးဝင်လာပြန်တယ်"ညစာစားဖို့အချိန်ပေးဖို့ မမေ့နဲ့နော်.. လမ်းမှာလည်း ဂရုစိုက်
ကားမောင်းမဲ့သူကရော စိတ်ချရရဲ့လား"အခုလိုတဖွဖွ မှာတမ်းခြွေကာ သူ့ကိုစိတ်ပူပေးနေတဲ့ အချိန်မျိုးကို Minho သဘောအကျဆုံးဖြစ်သည်
"အစာလည်းမခံဘူး လမ်းမှာ ဂရုလည်းစိုက်ပါ့မယ်ဗျာ ကားသမားကလည်း စိတ်ချရပါတယ် မသိရင်ခရီးဝေးသွားမှာ ကျလို့..ကဲ ဖေဖေစောင့်နေလောက်တော့မယ် သွားတော့မယ် လာပါဦး မသွားခင် ကိုယ့်ကောင်လေးကိုနှုတ်ဆက်ရအောင်"
ခေါင်းလေးငုံ့ပေးလာတော့ နဖူးထက်မှာ မြတ်နိုးခြင်း အနမ်းတစ်ပွင့်ကိုအသာခြွေတယ်
ပန်းတစ်ပွင့်ဆိုရင်တောင် မခြွေရက်သည်အထိ မြတ်နိုးရပါသည်
ထို့နောက် လက်ပြကာထွက်သွားပြီးနောက် Jisung လည်း ပျင်းခြောက်ခြောက်အိမ်ကြီးထဲကျန်ခဲ့တော့သည်
လွန်ခဲ့သော တစ်နှစ်ခန့်က ဒီအိမ်လေးဆီသူပထမဆုံး ရောက်ဖူးခြင်း Minho နဲ့စိတ်ကောက်ပြီးနောက် ပြန်အချော့ခံရချိန်ကပင်..
"Hyung ကျွန်တော့ကို တကယ်မချစ်ပါဘူး" ဆိုတဲ့ စကားကြောင့် Minhoက ဒီအိမ်ကြီးဆီ ခေါ်ယူခဲ့တယ်
လက်ထပ်ပြီးရင်အတူနေဖို့ သူရည်ရွယ်ထားတဲ့ အိမ်လေးလို့ အသိပေးကာ အိမ်ငယ်လေးနဲ့ရင်းနှီးစေခြင်း
နှစ်လကြာတော့ Jisungအိမ်က သူတို့အကြောင်းသိသွားပြီး
မိန်းကလေးမဟုတ်သော လက်တွဲဖော်ကိုလက်မခံပေးနိုင်တာ
ကြောင့် လမ်းခွဲဖို့ နဲ့ အိမ်ပေါ်ကဆင်းဖို့ လမ်းနှစ်သွယ် ရွေးချယ်စေခဲ့သည်
YOU ARE READING
A story without ending
Fanfictionပျော်ရွှင်စရာအဆုံးသတ်မှ မဟုတ်ရင် အဲ့ဒါအဆုံးသတ်မဟုတ်ဘူးတဲ့ ဒါဆို ကျွန်တော်တို့ပုံပြင်လေးဟာ ဇာတ်သိမ်းမဲ့တဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပြီပေါ့နော်...။. ပျော်ရွှင်စရာအဆုံးသတ်မှ မဟုတ်ရင် အ့ဲဒါအဆုံးသတ်မဟုတ်ဘူးတ့ဲ ဒါဆို ကျွန်တော်တို့ပုံပြင်လေးဟာ ဇာတ်သိမ်းမ့ဲတ့ဲ...