Jisung ခေါင်းမူးနေတာကြောင့် စောစောအိပ်ရာဝင်ဖြစ်ကြ
သည်သို့သော်အလိုက်ကန်းဆိုးမသိ 1 နာရီလောက်ကြီး ဝင်လာသော ဖုန်းသံသည် နှစ်ယောက်လုံးကိုလန့်နိုးစေ၏
Minho ဝင်လာတဲ့ဖုန်းကိုကြည့်လိုက်တော့ Pai Chen ဆီကပင်
လက်မောင်းပေါ်အိပ်နေတဲ့ Jisungကို ခေါင်းအုံးပေါ် အသာချပေးလိုက်ပြီး ဝရန်တာဘက်ထွက်လာလိုက်တယ်
"အင်း Chen ပြော ဒီအချိန်ကြီးဆက်တာ ဘာကိစ္စလဲ?"
"လက်စွပ်ရောက်နေပြီတဲ့ ငါသွားမယူနိုင်လို့ နင်ပဲသွားယူလိုက်တော့ လိပ်စာက (...)" Chenရဲ့ အသံတို့တွင် alcohol အငွေ့အသက်တို့ ပါဝင်နေသည်
"Chen သောက်နေတာလား....?"
သူ့ရဲ့မေးခွန်းကြောင့် တစ်ဖက်မိန်းကလေး ပြုံးမိသွားသည်
ဆိုတာကိုတော့ Minho တစ်ယောက် သိနိုင်လိုက်မည်
မဟုတ်"နည်းနည်းပဲသောက်မှာ..ငါ့ကိုစိတ်မပူပါနဲ့ နင်သာ အဲ့လိပ်စာကို သွား.. စောင့်ရတာကြာနေရင် ဟိုက စိတ်မရှည်ဖြစ်လိမ့်မယ်"
"အေး အေး ဒါဆိုငါအခုထွက်လာလိုက်မယ်"
ဖုန်းချပြီး Minho အခန်းထဲပြန်လှည့်လာတော့ အိပ်မှုန်စုတ်ဖွားနဲ့ကောင်လေးသည် အိပ်ယာပေါ်တွင် ငုတ်တုတ်
Minho ပြောတာတွေကို Jisung အကုန်ကြားလိုက်သည်..တဖက်က ပြောတာတွေကိုတော့ မကြားနိုင်..ထို့ကြောင့် တစ်ဖက်သတ်ထင်မိသည်မှာ
Chen မူးနေလို့ Minho အား လှမ်းခေါ်ခြင်းဟုပင်"Hannie ကိုယ်အပြင်သွားလိုက်ဦးမယ်နော်"
"မသွားနဲ့..." ကုတင်ခြေရင်းကအဖြတ် လက်ကိုလှမ်းဆွဲကာ
တားလာတယ်"Hann-"
"မသွားရဘူး.. ကျွန်တော့်အနားမှာပဲ နေ
ခေါင်းမူးတာမသက်သာသေးဘူး"မဟူရာဖျော့ဖျော့ဆံပင်တွေဖုံးနေတဲ့ မျက်လုံးထဲဝယ် ငွေပုလဲတို့ ခ နေတာကိုတော့ ကာယကံရှင်မှလွဲ.. မည်သူမှ
မတွေ့နိုင်Jisungလက်ကို အသာဖြုတ်ချပြီး ခုံပေါ်တင်ထားတဲ့ ဆေးကတ်လေးရယ် ရေတစ်ခွက်ရယ်ကို ယူလိုက်တယ်
YOU ARE READING
A story without ending
Fanfictionပျော်ရွှင်စရာအဆုံးသတ်မှ မဟုတ်ရင် အဲ့ဒါအဆုံးသတ်မဟုတ်ဘူးတဲ့ ဒါဆို ကျွန်တော်တို့ပုံပြင်လေးဟာ ဇာတ်သိမ်းမဲ့တဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပြီပေါ့နော်...။. ပျော်ရွှင်စရာအဆုံးသတ်မှ မဟုတ်ရင် အ့ဲဒါအဆုံးသတ်မဟုတ်ဘူးတ့ဲ ဒါဆို ကျွန်တော်တို့ပုံပြင်လေးဟာ ဇာတ်သိမ်းမ့ဲတ့ဲ...