Episode 14

205 24 0
                                    

အဲ့လိုနဲ့ Dance လေ့ကျင့်တာ တစ်ပတ်ကျော်ရှိလာခဲ့ပြီ.....ကကွက်တော်တော်များများလည်းပြီးနေပီ....
အဆုံးတော့မသတ်ရသေး နည်းနည်းတော့ကျန်သေးသည်...

တနေ့ Company သို့ သွားကြမယ်အလုပ် Miyeon က အပြည့်ထည့်ထားသောကျောပိုးအိတ်ကိုလွယ်ကာ အခန်းထဲမှထွက်လာခဲ့သည်..... ထိုစဥ်....

Yuqi - "Miyeon Unnie"

Miyeon - "Wae? "

Yuqi - "ကျောပိုးအိတ်ကြီးကဖောင်းကားလို့ဘာတွေများထည့်လာတာလဲ"

Miyeon - "ဒီနေ့ညအိမ်မှာအဖိုးရဲ့နှစ်ပတ်လည်ရှိတယ် အဲ့တာအိမ်ပြန်မလို့ ပီးတော့ နောက်နေ့ညနေကျမှပြန်ခဲ့မလို့"

Yuqi -"ခွင့်ရတယ်လား မနက်ဖြန်ပီးနောက်နေ့ဆိုရင်နားရက်ရောက်သွားပီလေ"

Miyeon - "ဟုတ်တယ် နားရက်မှာလေ့ကျင့်မယ်ဆိုပီးရက်ချိန်းလိုက်တာ"

Yuqi - "ကောင်းတာပေါ့"

ထိုစဥ် အခန်းထဲမှ Shuhua နဲ့ Soojin ထွက်လာပြီး....

Shuhua - "အဲ့တာဆိုလည်းပိတ်ရက်ကျ Company လိုက်ခဲ့ပါဦးတစ်ယောက်ထဲမလို့ပါလို့လာမခေါ်နဲ့နော် Shuhua ကနားရက်ကိုနားမှာ"

Miyeon - "မခေါ်ပါဘူးနော် အိမ်ကနေ မုန့်တွေပါလာရင်လည်းလာမခေါ်နဲ့နော်😌"

Shuhua - "Unnie Omma က အကုန်စားဖို့ပေးလိုက်တာကို Unnie က ကပ်စေးမနှဲရဘူးလေ"

Miyeon - "ကျန်တဲ့သူတွေကိုအကုန်ကျွေးမှာ 😌"

Shuhua - "😒😒😒"

Soojin - "နှစ်ယောက်လုံးတော်ကြပါတော့ သွားရအောင်"

Shuhua - "Soojin Unnie ပြောလို့လျှော့ပေးလိုက်တာနော်"

Miyeon - "Soojin na သွားကြရအောင်" ဆိုပြီး

Shuhua လက်ထဲမှ Soojin လက်ကိုဆွဲကာခေါ်သွားသည်...... Shuhua လည်း အော်ကာ နှစ်ယောက်သားရန်ဖြစ်ရင်း ဆူညံကာ Company သို့သွားကြသည်...

ဒီနေ့တစ်နေကုန် နည်းနည်းနားကာ များများလေ့ကျင့်နေကြသောကြောင့် အကုန်ချွေးတွေထွက်နေကြသည် 4pm လောက်ရောက်တော့ Miyeon က ပြန်သွားသည် ကျန်သူများ ကတော့ 6.30pm လောက်ထိ ဆက်လေ့ကျင့်နေကြသည်...

အကုန်လုံး Drom သို့ပြန်ရောက်သောအခါ 7pm လောက်ရှိနေပီ...တစ်နေကုန်ပင်ပန်းလာကြသောကြောင့်ရောက်ရောက်ချင်းပဲ ကိုယ့်အခန်းကိုယ်စီဝင်သွားကြသည်...

Every Day Every NightWhere stories live. Discover now