II

1.6K 219 27
                                    


အရွေးခံလိုက်ရပြီဆိုတဲ့ သတင်းကို
မန်နေဂျာအစ်မဖုန်းဆက်တော့ ကျွန်
တော်ဟာ စိတ်လှုပ်ရှားလွန်းလို့ ဘာ
မှထွေထွေထူးထူးပြန်မပြောနိုင်ခဲ့ဘူး
ဒါကို အစ်မက သွေးအေးလိုက်တာ
ရယ် လို့ မှတ်ချက်ပေးတယ်။ လက်
ထဲ Scriptရောက်လာတဲ့နေ့ကဆို
ကျွန်တော် ဘာမှမလုပ်နိုင်ဘူး။ တကယ်ကြိုးစားပမ်းစားနဲ့ ထိုင်ဖတ်
ခဲ့တယ်။ Gao Shi De  ဆိုတဲ့ စာလုံး
ကိုမြင်တိုင်း LinZiHongကိုပါ တွဲမြင်
နေရတာ နည်းနည်းတော့ထူးဆန်းတယ်။ ဒါပထမဆုံးBL series scriptကိုဖတ်ဖူးတာပဲ။ ဒီရက်ပိုင်း LinZiHongကိုလေ့လာဖြစ်တာကလည်းအလုပ်တစ်ခုပဲ။ အရင်လုပ်ခဲ့ဖူးတဲ့ အလုပ်တွေတိုင်း စိတ်နှစ်ပြီးလုပ်ခဲ့တာကိုတွေ့ရတယ်။ တစ်ခုပဲ။ အတူတူပွဲဦးထွက်ခဲ့တဲ့ လူတွေနဲ့တောင် LinZiHongက skin ship မခံ။ သူ့အသားကို တို့ထိမခံတတ်တဲ့သူ့ပုံရိပ်ကိုတွေ့တော့ ကျွန်တော် စိုးရိမ်စိတ်ဖြစ်မိတာတော့ ဝန်ခံရမယ်။ ဒါကိုတွေ့တော့ သူ BLရိုက်မယ်ဆိုတဲ့ကိစ္စကတကယ်မှဟုတ်ရဲ့လားလို့သံသယဖြစ်မိတယ်။ သူအဲ့လိုတွေ အနမ်းခံရတဲ့ ပါးတွေကိုပြန်သုတ်ပစ်တာမျိုးတွေ၊ဖက်တာလောက်ကိုတောင် မထိနဲ့ ပြောတာမျိုးတွေ ကျွန်တော့်ကိုပြောရင်...အလိုလိုနေရင်း ခေါင်းတွေရမ်းမိတယ်။ သူအလုပ်ကိုအလုပ်လိုသေ
ချာလုပ်မယ်ဆိုတာကြိုတင်မှန်းဆမိ
ပေမဲ့ ကင်မရာနောက်ကွယ်မှာ အခုမြင်နေရသလိုတွေသာ ပြုမူရင်...
ကျွန်တော် သူနဲ့တွေ့ရင်ဘယ်လိုနေ
ရမလဲဆိုတာကို တွေးကြည့်ရုံနဲ့တင်
ခေါင်းနောက်လာရတယ်။ ကျွန်တော်က သူ့ကိုစီနီယာတစ်ယောက်လို လေးစားပြီး ခင်မင်ချင်
စိတ်ဖြစ်မိပေမဲ့ သူကပြန်ခင်ချင်
ပါ့မလား။
နောက်ဆုံး ယတိပြတ်ဆုံးဖြတ်လိုက်တာကအလုပ်ကို အလုပ်လိုလုပ်မယ်။ ကျန်တဲ့ အချိန် အများကိုပြထားတဲ့ ကျွန်တော့်ပုံစံအတိုင်းပဲ ကျွန်တော်ဆက်နေမယ်။ အေးစက်စက်နဲ့ ခံစားချက်
မရှိသလိုပုံစံက ကြည့်တော့သာအ
ဆင်မပြေသလိုရှိပေမဲ့ အဲ့ပုံစံကပဲ
ပြဿနာတွေကို အများဆုံးဇကာစစ်
ချနိုင်တဲ့ အကာအရံကောင်းပဲ။

အကြိမ်ကြိမ်အခါခါ အပြန်ပြန်အ
လှန်လှန် စဥ်းစားပြီးသည့်နောက် အလုပ်စားပွဲထိုင်ရတဲ့နေ့တို့ ရောက်လာခဲ့တယ်။ LinZiHongဟာ
ပထမအကြိမ်တွေ့တုန်းကထက် ပိုငြင်သာသိမ်မွေ့နေသလိုပဲ။ ကျွန်တော့်
ကိုတွေ့တွေ့ချင်း နွေးနွေးထွေးထွေး
ပြုံးပြတယ်။ ကျွန်တော်ကသာ အသေအချာဝတ်စားလာပေမဲ့ သူက
အပြာရောင်ရှပ်နဲ့ ဂျင်းပင်တစ်ထည်
ကို ပေါ့ပေ့ါပါးပါးဝတ်စားလာတယ်။ ဆံပင်တွေကိုလည်း ပုံသွင်းတာမျိုးလုပ်မလာ။ ခေါင်းလျှော်ပြီး
ဒီအတိုင်းရေခြောက်အောင်ပဲသုတ်
ထားတဲ့ ပုံစံ။ သူ့ကိုမြင်လိုက်တာနဲ့
Gao Shi De လို့ခံစားသွားရစေတယ်။ Table Readingမှာ ဘေးချင်း
ကပ်အတူတူထိုင်ပြီး ကျွန်တော်ပြော
ရမယ့်စာကြောင်းတွေရဲ့ အဖြတ်အတောက်တွေကို ကူမှတ်ပေးတယ်။
အသံထွက်တွေကို အနားတိုးပြီးကို
နားစိုက်ထောင်ပြီး လိုသလိုပြင်ဆင်
ပေးတယ်။ မမှန်မချင်းအထပ်ထပ်စိတ်ရှည်လက်ရှည်ကိုပြောပြပေး
တယ်။ ဒါတွေအားလုံးက လုပ်ယူထားတဲ့ ပုံစံမဟုတ်ဘူး။ ဒါပေမဲ့
အခုက Gao Shi Deလား LinZiHongလားဆိုတာတော့ မသဲ
ကွဲဘူး။ သူတို့က နှစ်ကိုယ့်တစ်
စိတ်လိုတောင်ဖြစ်နေခဲ့သလိုပဲ။
ကျွန်တော်ကတော့ နေမြဲအတိုင်းပဲ
ပေါ့။ သူက ပုံမှန်ဆိုစကားနည်းပေ
မဲ့ နားထောင်သမားလုပ်တတ်ပေမဲ့
ကျွန်တော်နဲ့ဆိုရင်တော့ သူကအပြောသမားပဲလုပ်နေရတယ်။ အင်းမလှုပ် အဲမလှုပ်တဲ့ ကျွန်တော့်ကို ဒါရိုက်တာကအားမရ။ နှစ်ယောက်ကြားမှာအေးစက်နေသေးတယ်။ရင်းနှီးအောင်လုပ်ကြပါ လို့ပြောတော့ သူကကျွန်တော့်ပခုံးကို လာဖက်ပြီးပြန်ပြောတာက

Beloved Senior  Where stories live. Discover now