IV

1.1K 231 41
                                    

စကားပြောရင်ရင့်ကျက်လွန်းပြီး အ လုပ်ခွင်ထဲ တည်ကြည်လွန်းလို့ လင်းလော့ပန်လို့ ဝိုင်းခေါ်ခံရသူ ၊
အသက်ကလေးမှ ၂၀​ကျော်လေးပဲရှိသေးတယ်...လူကြီးတစ်ယောက်လိုနေလွန်းလို့ အဲ့လိုမနေပါနဲ့ လို့ ဝိုင်း
ပြောခံရတဲ့ Lin Zi Hong ရဲ့ ပုံရိပ်က
Yang Yu Teng ရှေ့ဆို လျော့ပါးပါး
ပါပဲ။ အမြဲလိုလို စနောက်နေပြီး သူ့
ကိုတွေ့တာနဲ့ တဟီးဟီးရယ်မိအောင်
လုပ်နေတတ်တဲ့ သူ့ကို မလေးမစား
လုပ်မှာလည်း စိုးရိမ်ပုံမရဘူး ။ ဒါကိုပဲ အခွင့်ထူးခံထားရတဲ့ ကျွန်တော်က ခြွင်းချက်ကိုပီပြင်စေ
တယ်။ LinZiHongက သူ့တစ်ကိုယ်
စာအတွက် စိတ်ခိုင်မာရင့်ကျက်ပေမဲ့ အပြုအမူတွေကငြင်သာတယ်။ ကျွန်တော့်ကိုဆို သူ့မင်းသားလေးထက်ပိုငြင်သာနေသလိုပဲ။ ကျွန်တော်ကသာအားပါပါ တွန်းထိုး ရိုက်ပုတ်ပေမဲ့LinZiHong ပြန်လုပ်ရင် အားမထည့်ထားတတ်ဘူး။ သူ ရိုက်လိုက်ပုတ်လိုက်ရင်ပဲ ကျွန်တော်ပဲ့ပါသွားတော့မလိုလို သူတွေးနေတာလားလို့တွေးမိတယ်။ သူထင်
သလောက် ကျွန်တော်အထိမခံမဖြစ်တာလည်း သိပေမဲ့ ကျွန်တော်မနာမကျင်အောင်သတိထားမြဲ။
ရိုက်ကွင်းတောက်လျှောက် သူ့
ကြောင့် ကျွန်တော် အနာတရ ရတယ်ဆိုတာ မရှိ။ ကျွန်တော့်ကြောင့်
သာ သူထိမိခိုက်မိတွေရနေတတ်တာ။ နောက်ပြီး အလုပ်ကိုအလုပ်လို
လုပ်မယ်လို့ ဆုံးဖြတ်ချက်ခိုင်မာခဲ့
တာ LinZiHong က Characterဝင်
ပူးနေရင် သာ နေမယ်။ Reviewပြန်
ကြည့်ရင် ရှက်နေတာကို မနည်းထိန်းနေတတ်တာကို သတိထားမိ
တယ်။ No 1 for you တစ်ခုလုံးမှာ
အနမ်းခန်းတွေအတွက်ဦးဆောင်သူက ကျွန်တော်ဖြစ်နေခဲ့လို့သာ တော်တော့တယ်။ Workshopတွေမှာ ဘယ်လောက်ပဲလေ့ကျင့်ခဲ့ လေ့ကျင့်ခဲ့ On setမှာအနမ်းခန်းတွေအတွက် LinZiHong
က မနည်းအားမွေးနေရတာကိုသတိထားမိတယ်။ ပထမဆုံးအနမ်းခန်းအတွက် ကျွန်တော့်ကိုထိတွေ့တဲ့ သူ့လက်ချောင်း
ထိပ်တွေ အေးခဲနေတာကိုမှတ်မိတယ်။ လူတစ်ယောက်ကိုယ့်အပေါ်
ခံစားချက်ရှိမရှိသိချင်ရင် နမ်းကြည့်
ဆိုတဲ့ စကားကို အထက်တန်း
ကျောင်းတုန်းက သူငယ်ချင်းကပြောဖူးတယ်။ အခုက အလုပ်လုပ်နေပေမဲ့ Gao Shi De အဖြစ်နေနိုင်နေတဲ့ သူက ဘာလို့များမဝံ့မရဲဖြစ်
နေရပါသလဲ။ ပထမဆုံး အနမ်းခန်း
ဟာ ချစ်သူဖြစ်ပြီး အခြေအနေဖြစ်
တဲ့ အတွက်အတိုင်းအတာတစ်ခုထိအသားကျနေဖို့ ဒါရိုက်တာက ပြော
ပေမဲ့ ထိတွေ့မှုမှာ စမ်းတဝါးဝါး။ နှစ်လိုဖွယ်ကောင်းတဲ့ စီနီယာဆီကနေ မရည်ရွယ်ဘဲ တစ်စုံတစ်ခုကို ရှာတွေ့သွားသလိုလိုပါပဲ။
လိုရာတော့ဆွဲမတွေးချင်ပေမဲ့...
ကိုယ်တိုင်ခံစားမိ
လိုက်တာတွေကိုတော့ လျစ်လျူရှု
မထားနိုင်။

Beloved Senior  Where stories live. Discover now