LinZiHong ဆီကနေနွေးနွေးထွေးထွေးကြိုခံလိုက်ရတဲ့ ကျွန်တော်ဟာလက်ရှိအဖြစ်ကိုတောင် စဥ်းစားချိန်မရလိုက်။ တစ်နေကုန်စိတ်မောလူ
မောဖြစ်ခဲ့သမျှ အနည်းငယ်ပြေသလိုရှိမှလူချင်းကွာမှ ပစ္စုပ္ပန်မှာ စတည်းချရတယ်။"မင်း အိမ်မပြန်ဘူးလား"
အခန်းထဲဝင်ဝင်ချင်းတွေ့လိုက်ရတဲ့
လက်ကေ့စ်ကိုလက်ညှ်ိုးထိုး
မေးတော့"အင်း...အစက အိမ်ပြန်နားမလို့ပဲ။
ကြိုမယ့်လူမရှိတဲ့ အိမ်ကိုပြန်တာ
ထက်စာရင် မင်းကို စောင့်နေတာက
ပိုကောင်းမယ်ထင်လို့" ဆိုတာကို
သူရှက်ရင်လုပ်နေကျအတိုင်းလည်တိုင်ကိုလက်နဲ့ပွတ်ရင်းပြော
တယ်။LinZiHongကတော့ စခြွေနေပြီဆိုတာ ကျွန်တော်သိလိုက်ပြီ။
"လာမယ်ဆိုဖုန်းဆက်တာမဟုတ်ဘူး။ ငါ တစ်ခုခုဝယ်လာပေးတာပေါ့။ ဘာစားပြီးပြီလဲ"
သူခြွေပေမဲ့ ကျွန်တော့်မှာကြွေဖို့အချိန်မရှိ။ အစားကောင်းကောင်းမစားသေးတဲ့LinZiHong ကို အစားကျွေးဖို့သာကျွန်တော်အရင်တွေးနေရပြီ။
ပြောလည်းပြောရေခဲသေတ္တာကို ဖွင့်
ကာ ရှိသမျှ ထုတ်ရှာ၊ ဘာချက်ပေး
ရကောင်းမလဲ စဥ်းစားနေသော ကျွန်တော့်ကို ဖမ်းဆွဲတားပါတော့တယ်။"ရတယ်။ မင်းခုမှ ပြန်ရောက်တာ။
နားဦး""မင်းရော ဘယ်အချိန်က ပြန်ရောက်တာလဲ"
"၆နာရီလောက်က...ငါဖုန်းဆက်ဦး
မလို့ပဲ။ မင်း အလုပ်လုပ်ရစိတ်မဖြောင့်ဖြစ်မှာစိုးတာနဲ့...""ငါလည်း မင်း လေယာဥ်ပေါ်မှာပဲထင်လို့။ သန်းခေါင်လောက်မှ ပြန်ရောက်မယ်ထင်တာ။ နေဦး...ညစာ ဘာချက်လို့ရမလဲကြည့်လိုက်ဦးမယ်"
ရေခဲရိုက်ထားတဲ့ အသားတွေ ၊ ဟင်းသီးဟင်းရွက်တွေကို စီစစ်နေ
တဲ့ ကျွန်တော့်ကို ပါးစပ်နဲ့တစ်ခါတားပြီးသွားတာမရတော့
ဒီတစ်ခါတော့ အနောက်ကနေ သိုင်း
ဖက်လာပါတော့တယ်။"တော်တော့...သွား။ ရေချိုးဖို့လုပ်"
အဝတ်လဲခန်းထဲကိုအနောက်ကနေပဲအတင်းတွန်းပို့လေတယ်။
ကျွန်တော်အဝတ်အစားတွေ မချွတ်
ခင် LinZiHong အခန်းထဲကထွက်
သွားပေးတယ်။ မကြာဘူး ရေချိုးခန်းဆီမှ ရေသံကြားရတယ်။ ရေဖြည့်ပေးနေတယ် ထင်။ တာဝါယူဖို့
ဗီရိုအဖွင့် အသင့်ခေါက်ထား၊ မီးပူ
တိုက်ထားပေးပြီးသော အဝတ်တစ်
ထပ်ကြောင့် ကျွန်တော်သက်ပြင်းချရတော့တယ်။