I

3.3K 275 27
                                    


ကောင်းကင်က အပြာရောင်ကြည်တောက်နေတဲ့နေ့...
သီချင်းတွေ အသံသွင်းပြီးသွားတာ ရက်ပိုင်းပဲရှိသေးလို့ ကျွန်တော့်အိမ်မှာ အိပ်လိုက်စားလိုက်လုပ်နေတဲ့ အချိန်။
နေရောင်ဝင်းပြီး လင်းထင်းပြာလဲ့နေ
တဲ့ နေ့လယ်ခင်းမှာ မန်နေဂျာက ရုံး
ကိုလာခဲ့ဖို့ အလောတကြီးဖုန်းဆက်
ခေါ်တယ်။ အလုပ်ပေါ်လာပြီ ပြော
တာနဲ့ ကျွန်တော်အမြန်ပဲရေကောက်
ချိုး ၊ ကားသော့ဆွဲပြီးပြေးရတယ်။
ရုံးထဲစစဝင်လာတဲ့ ကျွန်တော့်ကို အပေါက်ဝမှာအသင့်စောင့်နေတဲ့ မန်
နေဂျာအစ်မက မီတင်းခန်းထဲကိုအတင်းလက်ဆွဲခေါ်တော့တာပဲ။သူ့ပုံစံက တကယ့်အလောတကြီး။

"ဒီက Yu ပါပဲရှင်" လို့ အခန်းဝရောက်ရောက်ချင်းမှာပဲအားရဝမ်းသာသံနှင့် မိတ်ဆက်ပေးတယ်။ မီတင်းခန်းထဲထိုင်နေတဲ့ ဦးလေးတစ်ယောက်နဲ့ အစ်မတစ်ယောက်ရဲ့လဲ့ခနဲဖြစ်သွားတဲ့ မျက်လုံးအကြည့်ကြောင့်ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့တောင် တွန့်သွားရသေး။

"ကျွန်တော်က Yang Yu Teng. Yuပါ"

အသီးသီးမျက်နှာချင်းဆိုင်ထိုင်ပြီး
ဆွေးနွေးဖြစ်ကြတာက မကြာခင်ရိုက်မယ့် BL ကားအတွက်တဲ့။ ကိုယ့်နားတောင် ကိုယ်မယုံချင်ဖြစ်သွား
ခဲ့ရတယ်။ သူတို့အကြောင်းပြချက်
ကတော့ ရှင်းလင်းတယ်။ကျွန်တော့်
သီချင်း Aqua Blueကိုနားထောင်မိ
တော့ သူတို့စီးရီးနဲ့ ကိုက်ညီလွန်းနေတယ်တဲ့။ အဲ့နောက် OSTအသုံးပြုခွင့်အတွက် စုံစမ်းရင်းမှ ကျွန်တော့်ကို
ပါ တွေ့ပြီးစိတ်ဝင်စားခဲ့တယ်တဲ့။
ဒါပေမဲ့ တစ်ခါမှ ရုပ်ရှင်မရိုက်ဘူးတဲ့
ကျွန်တော့်လက်ထဲသူတို့ဇာတ်ကောင်ကို ရော့အင့်ဆိုပြီးထိုး အပ်တာတော့ဘယ်ဟုတ်မလဲ။ Audition လာဖို့ ဖိတ်တယ်။
ကျွန်တော် ရုတ်တရက် မဆုံးဖြတ်နိုင်။ ကျွန်တော်သိတာ သီချင်း
ဆိုဖို့ပဲ။ သီချင်းပဲဆိုချင်တယ်။ ဘာ
သာစကားအရလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသေးဘူး။
ဒါတွေအကုန်လုံးကို သက်ဆိုင်ရာလူကြီးတွေ ပြန်သွားပြီးနောက် မန်နေဂျာအစ်မကို ပြောပြဖြစ်တယ်။ ကျွန်တော် ဘာဇာတ်ကြောင်းလဲ။ ဘယ်သူတွေပါမှာလဲ
တွေတောင် မစူးစမ်းအား။ ယုံကြည်
မှုမရှိတာတွေကိုပဲ ပြောပြဖြစ်တော့

Beloved Senior  Where stories live. Discover now