V

1.2K 203 29
                                    


comments
[လင်းလော့ပန် ထူးဆန်းနေတယ်]

[LLB ဘာဖြစ်နေတာလဲ]

[LLBပင်ပန်းနေတဲ့ ပုံပဲ]

[Yu ကတကယ်မသိလိုက်တာလား။]

[လင်းလော့ပန်အကြည့်တွေကိုကြည့်ကြပါအုံး TT]

Live အပြီး တက်လာတဲ့ မှတ်ချက်တစ်ခုချင်းစီကိုဖတ်ပြီး ကျွန်တော်
သက်ပြင်းချမိတယ်။ ပွဲတစ်ခုအတူတူတက်အပြီး မတွေ့ဖြစ်တဲ့ ခဏလေးအတွင်း LinZiHongတစ်
ယောက်သိသိသာသာပိန်ကျသွားတာကို ကျွန်တော်မှမဟုတ်ဘူး အကုန်လုံးသတိထားမိကြတယ်။
ပင်ပန်းတယ် ။ အထီးကျန်တယ် ။
ငါတစ်ယောက်တည်းဖြစ်နေတယ်။
တိတ်ဆိတ်နေတယ် တွေပြောနေ
ပြီး...
ရုတ်တရက်ထခေါ်တဲ့ Live ကို
အလုပ်အတွက်လို့ပဲ ပြောတယ်။ ငြိမ်သက်နေပြီ။ အေးခဲနေပြီဖြစ်တဲ့ကျွန်တော့်ကို ရေခဲထပ်ရိုက်လိုက်သလိုပဲ။ အလုပ်ဆိုလည်း အလုပ်ပေါ့ လို့ပဲသတ်မှတ်ပြီး အမှတ်တရနေ့တွေတိုင်းအတွက် ဂုဏ်ပြုပေးတယ်လို့ပဲ အလိုက်သင့်ပြန်ပြောလိုက်တယ်။
အိုကေ...ဒါ ကျွန်တော်
တို့ အလုပ်ပေါ့။ ဒီတော့ ကျွန်တော်မြင်လိုက်ရတဲ့ သူ့ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေက အလုပ်မဟုတ်တဲ့အတွက် ကျွန်တော် မတုံ့ပြန်ဖြစ်တော့။ ဒီလူက ကျွန်တော့်အပေါ်
စေတနာရှိတယ်။ တကယ်ပကတိမျက်နှာဖုံးမဲ့ ဆက်ဆံပေးပေမဲ့ သူ့ရဲ့ ထိန်းချုပ်မှုတွေ ၊ ဖုံးကွယ်မှုတွေကိုတော့ ကျွန်တော့်ဖက်ကလည်း မရိပ်မိလိုက်သလို ဟန်ဆောင်ခွင့်ရှိတယ်။ ကျွန်တော့်ရဲ့ အဆုံးစွန်ဆုံး တောင့်ခံနိုင်ခြင်းတွေက LinZiHongရဲ့ ပြိုလဲခြင်းနိဒါန်းတွေလို့ပဲပြောရမလား။
ကျွန်တော့်ကို တိုက်ရိုက်ဖွင့်ပြောလာတဲ့ထိ မမျှော်ကိုးဘူး။ ဒါပေမဲ့တစ်ခုလေးပါပဲ။ ရိုးသားစေချင်တာ။ အနိမ့်ဆုံး ကျွန်တော်နဲ့ စကားပြောချင်လာလို့ Live ရုတ်တရက်ထခေါ်တယ်လို့ ပြောဦးတော့...
ကျွန်တော်မဖုံးနိုင်မဖိနိုင် ပျော်လိုက်
မိမှာ။ သူနဲ့ပတ်သတ်လို့ ဖြစ်လာတဲ့ပျော်ရွှင်ခြင်းတွေကို ကျွန်တော်မထိန်းနိုင်ကြောင်း သူလည်းသိနေတယ်။
သိနေလျက်နဲ့မှ ပျော်ခွင့်မပေးခဲ့ဘူး။ ဒီလိုနဲ့ LinZiHongကို အနာပေးလိုက်
ဆေးပေးလိုက်နဲ့တော့ လုပ်ခွင့်မပြုနိုင်တော့ဘူး။ ဒီလိုကိစ္စတွေမှာ သူ့လောက်အတွေ့အကြုံမရှိတာမှန်ပေမဲ့ ကျွန်တော်အဲ့လောက်ထိတော့ အဖြူ
ထည်မဆန်ဘူး။ နှစ်လိုဖွယ်ကောင်း
တဲ့ စီနီယာကို "I love you too" ဆိုတာကိုတော့ တကယ့်စိတ်ရင်းနဲ့တော့ပြောလိုက်တယ်။
ဒီတော့ ရှက်နေတာလားလို့ပြန်မေးခံရတဲ့ အထိ သူဟာ ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို အတော်အသင့် ဖမ်းနိုင်နေပြီ။ ရှေ့လျှောက်
ပိုသတိထားနေဖို့ပဲရှိတော့တယ်။
Live လွှင့်ဖို့အစီအစဥ်ရှိရင် ကျွန်တော့်ကို ကြိုပြောပြပေးဖို့...
အချိန်သီးသန့်ဖယ်ပေးထားရအောင် ဆိုတဲ့ အယဥ်ကျေးဆုံးစကားနဲ့ ပဲ LinZiHongရဲ့ မန်နေဂျာကို ကျွန်
တော့်မန်နေဂျာအစ်မကနေတစ်ဆင့် အသိပေးထားလိုက်တယ်။
အဲ့နောက်ပိုင်း ရုတ်တရက်Live လွှင့်
တာတွေ ရပ်သွားတယ်။ သူ့စိတ်ထဲ
ဘယ်လိုဖြစ်သွားမလဲ ကျွန်တော်မသိ။
Fighting Mr.Second စလွှင့်ပြီး လူချင်းတွေ့ဆုံချိန်တိုင်း သူဟာမပြောင်းမလဲ ဂရုစိုက်ပေးတယ် ။
အရင်ကလိုသူကိုယ်တိုင်လည်း ပိုင်စိုးပိုင်နင်း ရုတ်တရက် ထနမ်းတာမျိုးတွေ မလုပ်တော့သလို သူများတွေလည်း လာထိမခံတော့။ ဒီအပြုအမူတွေအတွက် ကျွန်တော်ကျေးဇူးတင်ပေမဲ့သူ့ရှေ့မှာတော့ နေမြဲအတိုင်းနေဖြစ်တယ်။ သူပြုံး​ပျော်နေရင် ကျွန်တော်ပျော်တယ်။ သူရယ်နေရင် ကျွန်တော်အားပါးတရလိုက်ရယ်တယ်။ သူနဲ့ပတ်သတ်လို့ ကျွန်တော်တစ်ခုခုများသိနေရင်သူတအံ့တသြ ဖြစ်နေတတ်တာကို ကျွန်တော်သဘောကျတယ်။ ကျွန်တော်လည်းLinZiHong
တစ်ယောက်တည်းကိုပဲအသေးစိတ်လိုက်မှတ်သားခဲ့တယ်။
သူ့မွေးနေ့ ကိုမှတ်မိရုံလောက်နဲ့ ပြုံး
ပျော်နေတဲ့ LinZiHong ၊ သူ့ဓာတ်ပုံ
ကျွန်တော့်ဖုန်းထဲသိမ်းထားတယ်ဆို
တာနဲ့တင် အံ့သြနေတတ်တဲ့ LinZiHong...
ကျွန်တော့်အနားမှာရှိနေတာGaoShiDeဆိုတာ တဖြည်း
ဖြည်းမှိန်ဖျော့လာနေပြီ။ ဒါကို ကာယကံရှင် ကိုယ်တိုင်တောင်သိ
ပါ့မလားပဲ။

Beloved Senior  Where stories live. Discover now