ခရီးတစ်လျှောက် အဆင်ပြေခဲ့သလို
သူနဲ့ ကျွန်တော်ပိုနီးစပ်လာတယ်။ သူနဲ့ ပခုံးဖက်သွားလာနေတဲ့ တစ်ချိန်လုံး နွေးထွေးတဲ့ သူ့လက်တွေ
ကြောင့် ၊ နောက်ပြီး Idol တွေ Actor
ဆိုတာတွေ ခဝါချထားကြတာတွေကြောင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဖြစ်စေတယ်။ သူနဲ့တွေ့တာမကြာသေးပေမဲ့ သူရဲ့ ရင်းနှီးဖော်ရွေတဲ့ မူဟန်ကြောင့်ကွဲကွာသွားတဲ့ ငယ်သူငယ်ချင်းကိုပြန်တွေ့တဲ့ ခံစားချက်နဲ့တောင်ဆင်တူနေတယ်။ စီနီယာ ဂျူနီယာဆိုတဲ့ နေရာတွေကိုသာ ဖယ်ထုတ်ထားတာမဟုတ် အသက်အပိုင်းအခြားကိုလည်း လျစ်လျူရှုထားသော သူ့ကို မင်း နဲ့
ငါ ဆိုပြီးသုံးနှုန်းခွင့်ရတာကိုက ပိုနီးကပ်သွားစေတယ်။ ငယ်ငယ်က
အလွဲတွေ ၊ သူ စစ်မှုထမ်းခဲ့ရတဲ့ အတွေ့အကြုံတွေ ၊ နောက်ပြီး Debut မလုပ်ခင် Traineeဘဝ ဖြတ်
သန်းခဲ့ရတာတွေ အားလုံးကသူကြုံ
တွေ့ရင်ဆိုင်ရချိန်က ခက်ခဲကောင်း
ခက်ခဲနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ကိုပြန်ပြောပြတော့ ဟာသတွေဖြစ်နေစေတဲ့ အထိ LinZiHongဟာ ရင့်ကျက်မှုနဲ့ ပျော်ရွှင်နေတဲ့လူဖြစ်နေခဲ့ပြီဆိုတာ ကျွန်တော်သဘော
ပေါက်လာတယ်။ အလုပ်လုပ်ရအဆင်ပြေအောင် နီးစပ်ချင် ရင်းနှီး
ချင်လို့ ထွက်လာကြတဲ့ ဒီခရီးမှာ သူ
ဟာ အလုပ်အကြောင်းတစ်ခွန်းမပြောခဲ့ဘူး။ နှစ်ယောက်သားတစ်
ယောက်ပခုံးတစ်ယောက်ဖက်ရင်း
လျှောက်လည်ကြတယ်။ တွေ့သမျှ
ကောင်းမယ့်ပုံရှိသမျှ ဝယ်စားကြ
တယ်။ အားလုံးကို လင်းလော့ပန်လို့ ခေါ်ခံရတဲ့ သူပဲရှင်းပေးတာ
ပဲ။ ကျွန်တော်ရှင်းမယ်ဆိုတော့ လက်မခံ။ တိုင်ပေပြန်ရောက်မှ ဝယ်
ကျွေးလို့ပဲ ပြန်ပြောတယ်။ သူကျော
ပိုးအိတ်ထဲထည့်လာတဲ့ Cameraနဲ့
ရှုခင်းလှတဲ့နေရာရောက်တိုင်း ဓာတ်
ပုံသေချာရိုက်ပေးတယ်။ သီချင်းဆို
တတ် ၊ သရုပ်ဆောင်ကောင်းပြီး ပုံ
ဆွဲကျွမ်းတဲ့ LinZiHongက ဓာတ်ပုံလည်းကောင်းကောင်းရိုက်တတ်နေ
တယ်။ သူရိုက်ပေးထားတာတွေကို
အတူတူပြန်ကြည့်တိုင်း"မိုက်တယ် ။ ချောတယ်။ ဒီပုံက မဂ္ဂဇင်းကာဗာတောင်လုပ်လို့ရတယ်"
ဆိုတာမျိုးတွေကို တစ်လှည့်စီပြော
လို့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေတတ်တဲ့ကျွန်တော် တောင် မနေတတ်တော့။
သူကတော့ ပြောင်းပြန်။ LinZiHong
က တကယ်ဆို ခန့်ညားပြီးနှစ်လိုဖွယ်ကောင်းတဲ့ သွင်ပြင်ရှိပေမဲ့ ဘယ်လိုကြောင့် ရုပ်ပြောင်တွေပဲ
လုပ်နေလဲ ။