အခန်း ၁

22.3K 733 43
                                    

Lost (Unicode)

အခန်း (၁)

တဂျောက်ဂျောက် မြည်နေသော နာရီသံကို လျစ်လျူရှုရင်း ရိပေါ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

"ဦးလေးယွီ အကို့ကို ဖုန်းခေါ် "

     တုန်ယင်နေသော အသံဟာ ရိပေါ်ရဲ့ ဒေါသကို ထင်ဟပ်ပြနေသည်။ ဖြူဥနေသော ရိပေါ်ရဲ့ မျက်နှာနုနုဟာဒေါသကြောင့် နီရဲလျက်။  နဖူးပေါ်ဝဲကျ နေလေသော ဆံနွယ်တို့မှာလည်း ရိပေါ်ရဲ့အသက်ရှူသံ ပြင်းပြင်းကြောင့် လှုပ်ခါ နေ၏။

"သခင်လေးရယ် ဆရာပြန်လာပါလိမ့်မယ် သူ့မိဘအိမ်သွားတာပဲ "

"ခွမ်း !"

      စားပွဲပေါ်တင်ထားတဲ့ ဖန်ခွက်လေးဟာ အပြစ်မဲ့သော်လည်း ကြမ်းပြင်ထက် တစစီ ကြေမွသွားသည်။ သူ့ဒေါသကိုသိပါရက်နဲ့ အကိုတမင်လုပ်နေတာဟု ရိပေါ်ထင်သည်။

"ဘာဖြစ်နေတာလဲ ရိပေါ်"

"အကို ကြာတယ်"

     ရိပေါ်ရှေ့တွင် ခြေစုံရပ်ပြီး မေးလာတဲ့ အကို့ရင်ခွင်ထဲသို့ ရိပေါ် တိုးဝှေ့လိုက်သည်။ ညနေကတည်းက ထွက်သွားပြီး အခုမှ ပြန်ရောက်လာသည့် အကိုဟာ သူဘာမှ အပြစ်မလုပ်ထားသလို။

      သို့သော်လည်း ရိပေါ် အကို့ရှေ့တွင်တော့ စိတ်ဆိုးဟန်မပြခဲ့မိ။ အကို့ကို ချွဲရတာကိုသာ ရိပေါ်သဘောကျပါသည်။

"ရိပေါ်ရယ် ကိုယ့်မိဘအိမ်ပဲဟာ ညီလေးက မသိတဲ့စာတွေမေးနေတာနဲ့ ကြာနေတာ"

" အကို့ညီလေးကို ကျွန်တော့်ထက်ပိုချစ်လား"

" ရိပေါ်ရယ် "

       မပြတ်သားစွာ လုပ်နေသည့် အကို့ကြောင့် ရိပေါ်ဝမ်းနည်းမိသည် ။ အကိုဟာ သူနဲ့ ယှဉ်လာရင် အရာရာကို ပိုဦးစားပေးသည်။

"အကို ကျွန်တော့်ကိုပဲ ပိုချစ်ရမယ်ဗျာ"

"ကိုယ့်မိသားစုက အရင်ကတည်းက တူတူနေလာတာလေ ရိပေါ်ကနောက်မှတွေ့တာလေ ကလေးရဲ့"

"မရဘူး အကို ကျွန်တော့်ကိုပဲ ပိုချစ်ရမယ် အခုကျွန်တော်က အကို့ချစ်သူဖြစ်နေပြီ"

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]حيث تعيش القصص. اكتشف الآن