3 Years Later...
.
.
"ကိုကိုကမုန့်တောင်စားနေပြီလား Kookie တောင်မစောင့်ဘူး""Jungkook ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်လေ"
"ကိုကိုကလည်း ငယ်ငယ်လေးကတည်းကအဲ့လိုပဲခေါ်လာတာကို.."
"အခု မင်းကမငယ်တော့ဘူး ပြီးတော့ Somi ကြားရင်မကောင်းဘူး"
Jungkook ရင်ထဲမှာဆို့နစ်သွားသည် Taehyung
ကိုယ်တိုင်ခေါ်ခိုင်းခဲ့တဲ့နာမ်စားလေးက သူ့ရဲ့ရည်းစားကြားသွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာပျောက်ဆုံးလုနီးပါး..."ကိုကိုကလည်း..."
"Jeon Jungkook!! မင်းကိုငါမခေါ်နဲ့လို့ပြောနေတယ်လေ လူစကားနားမလည်ဘူးလား မင်းငါ့ကိုအဲ့လိုခေါ်ရင်ရွံတယ် တောက် မင်းနဲ့ဆက်ပြီးအတူတူမထိုင်နိုင်တော့ဘူး ငါသွားပြီ"
တဖက်သားရဲ့စိတ်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာထည့်မစဉ်းစားဘဲ သူပြောချင်တာတွေပြောပြီး Taehyung canteen ထဲကထွက်သွားသည်
Jungkook မျက်ရည်တွေနဲ့တယောက်တည်းပြုံးပြီးကျန်နေခဲ့သည် သူပြုံးနေသည် ဒါပေမယ့် ဝမ်းသာလို့ပြုံးနေတဲ့အပြုံးမဟုတ်၊သူဝမ်းနည်းနေတာကိုလူမသိစေချင်လို့၊ပြုံးလိုက်ရင်မျက်ရည်တွေမကျနိုင်ဘူးဆိုတဲ့ရူးကြောင်ကြောင်အတွေးလေးတခုနဲ့ သူပြုံးနေခဲ့တာ...3 နှစ်....3နှစ်အတွင်းမှာ Taehyung အများကြီးပြောင်းလဲသွားသည်။အရင်တုန်းက Jungkook ကိုခေါ်နေကျ နာမည်ပြောင်လေးတွေဆိုတာ ဘယ်ဆီရောက်မှန်းမသိ....
အရင်ကဆို Jungkook စိတ်ကောက်နေရင်မနေတတ်ဘူးဆိုတဲ့သူက အခုတော့ Jungkook မျက်ရည်တွေရွှဲစိုနေလည်းလှည့်မကြည့်တော့...
Jungkook ဘက်ကသာ အကုန်လုံးသူ့အမှားဆိုတဲ့စိတ်နဲ့Taehyung ကိုလိုက်ပြီးကပ်မနေခဲ့ဘူးဆိုရင် ဒီအချိန်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလုံးဝကိုဝေးကွာသွားမှာအသေအချာ...ဘာလို့လဲ သူ့အပေါ်ကိုဘာလို့အဲ့လောက်ထိရက်စက်တတ်သွားတာလဲ အကြောင်းရင်းကိုစဉ်းစားလို့မရဘူး လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှတွေ့ခဲ့တဲ့သူ့ရဲ့ရည်းစားကြောင့်လား အချိန်တွေအကြာကြီးအတူတူရှိခဲ့တဲ့သူ့ကို အခုမှတွဲတာတစ်နှစ်ပဲရှိသေးတဲ့သူ့ရည်းစားလောက်တောင် စေတနာမရှိတာလား မချစ်တာလား...
သေချာတာကတော့ Taehyung ကသူ့ကိုအရင်တုန်းကလိုမချစ်တော့ပါ......
__________________❤︎______________
တိုသွားတယ်ကွယ် မီယားနဲ🙇🏻♀️......♡︎Zawgyi
3 Years Later...
.
.
"ကိုကိုကမုန့္ေတာင္စားေနၿပီလား Kookie ေတာင္မေစာင့္ဘူး""Jungkook ငါ့ကိုအဲ့လိုမေခၚနဲ႔လို႔ေျပာထားတယ္ေလ"
"ကိုကိုကလည္း ငယ္ငယ္ေလးကတည္းကအဲ့လိုပဲေခၚလာတာကို.."
"အခု မင္းကမငယ္ေတာ့ဘူး ၿပီးေတာ့ Somi ၾကားရင္မေကာင္းဘူး"
Jungkook ရင္ထဲမွာဆို႔နစ္သြားသည္ Taehyung
ကိုယ္တိုင္ေခၚခိုင္းခဲ့တဲ့နာမ္စားေလးက သူ႔ရဲ့ရည္းစားၾကားသြားမွာစိုးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေအာက္မွာေပ်ာက္ဆုံးလုနီးပါး..."ကိုကိုကလည္း..."
"Jeon Jungkook!! မင္းကိုငါမေခၚနဲ႔လို႔ေျပာေနတယ္ေလ လူစကားနားမလည္ဘူးလား မင္းငါ့ကိုအဲ့လိုေခၚရင္ရြံတယ္ ေတာက္ မင္းနဲ႔ဆက္ၿပီးအတူတူမထိုင္နိုင္ေတာ့ဘူး ငါသြားၿပီ"
တဖက္သားရဲ့စိတ္ထဲမွာဘာေတြျဖစ္ေနမလဲဆိုတာထည့္မစဥ္းစားဘဲ သူေျပာခ်င္တာေတြေျပာၿပီး Taehyung canteen ထဲကထြက္သြားသည္
Jungkook မ်က္ရည္ေတြနဲ႔တေယာက္တည္းျပဳံးၿပီးက်န္ေနခဲ့သည္ သူျပဳံးေနသည္ ဒါေပမယ့္ ဝမ္းသာလို႔ျပဳံးေနတဲ့အျပဳံးမဟုတ္၊သူဝမ္းနည္းေနတာကိုလူမသိေစခ်င္လို႔၊ျပဳံးလိုက္ရင္မ်က္ရည္ေတြမက်နိုင္ဘူးဆိုတဲ့႐ူးေၾကာင္ေၾကာင္အေတြးေလးတခုနဲ႔ သူျပဳံးေနခဲ့တာ...3 ႏွစ္....3ႏွစ္အတြင္းမွာ Taehyung အမ်ားႀကီးေျပာင္းလဲသြားသည္။အရင္တုန္းက Jungkook ကိုေခၚေနက် နာမည္ေျပာင္ေလးေတြဆိုတာ ဘယ္ဆီေရာက္မွန္းမသိ....
အရင္ကဆို Jungkook စိတ္ေကာက္ေနရင္မေနတတ္ဘူးဆိုတဲ့သူက အခုေတာ့ Jungkook မ်က္ရည္ေတြရႊဲစိုေနလည္းလွည့္မၾကည့္ေတာ့...
Jungkook ဘက္ကသာ အကုန္လုံးသူ႔အမွားဆိုတဲ့စိတ္နဲ႔Taehyung ကိုလိုက္ၿပီးကပ္မေနခဲ့ဘူးဆိုရင္ ဒီအခ်ိန္သူတို႔ႏွစ္ေယာက္ရဲ့ဆက္ဆံေရးကလုံးဝကိုေဝးကြာသြားမွာအေသအခ်ာ...ဘာလို႔လဲ သူ႔အေပၚကိုဘာလို႔အဲ့ေလာက္ထိရက္စက္တတ္သြားတာလဲ အေၾကာင္းရင္းကိုစဥ္းစားလို႔မရဘူး လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကမွေတြ႕ခဲ့တဲ့သူ႔ရဲ့ရည္းစားေၾကာင့္လား အခ်ိန္ေတြအၾကာႀကီးအတူတူရွိခဲ့တဲ့သူ႔ကို အခုမွတြဲတာတစ္ႏွစ္ပဲရွိေသးတဲ့သူ႔ရည္းစားေလာက္ေတာင္ ေစတနာမရွိတာလား မခ်စ္တာလား...
ေသခ်ာတာကေတာ့ Taehyung ကသူ႔ကိုအရင္တုန္းကလိုမခ်စ္ေတာ့ပါ......
__________________❤︎______________
တိုသြားတယ္ကြယ္ မီယားနဲ🙇🏻♀️......♡︎