"Jungkookah..."
"ဟင် ဘာလဲ Jimin Hyung ပြောလေ"
ကျောင်းမတက်သေးတာနဲ့ Jungkookရယ် Jimin ရယ် Jin သုံးယောက်သားကျောင်းပန်းခြံထဲကခုံမှာထိုင်ကာစကားပြောနေကြခြင်းဖြစ်သည်
"Taehyung နဲ့ကအဆင်ပြေသွားပြီလား"
"ကို..ကိုကိုနဲ့လား..."
"အွန်း ဒီနေ့ကျောင်းလိုက်ပို့တာတွေ့တယ်"
"ဟုတ်...ဟုတ်တယ် Hyung အဆင်ပြေသွားပြီ"
"အွန်း...Hyung ရဲ့ Jungkookie လေးပျော်တယ်မလား"
"ဟုတ် ပျော်တယ်"
Jimin ကို မျက်လုံးလှလှလေးတွေပျောက်သွားတဲ့အထိနှာခေါင်းလေးကိုရှုံ့ကာ ရီပြလိုက်သည်
"ဟုတ်ပြီ အဲ့တာဆိုရပြီ"
Jimin Jungkook ရဲ့ဆံပင်လေးတွေကိုထိုးဖွကာ ရီပြရင်းပြောလိုက်သည်
"Jungkookah...Taehyung ကအနိုင်ကျင့်ရင် Hyung တို့ကိုပြောနော်"
"ဟုတ်....Jin Hyung"
ထိုအချိန် ကျောင်းတက်သွားသဖြင့် သူတို့သုံးယောက်
ကိုယ့်အတန်းကိုပြန်ကာလမ်းခွဲခဲ့ကြသည်.....
.
.
.
"ဟိတ် ချာတိတ်""အားးးလန့်တာ Mingyu Hyung ကြီးကဗျာ"
နေ့လည်စာစားချိန်ရောက်ပြီမို့ Jungkook Taehyung ကို Canteen ထဲမှာစောင့်နေရင်းပုံဆွဲနေခြင်းဖြစ်သည် ထိုအချိန် Mingyu ရောက်လာပြီး Jungkook ကိုအနောက်ကနေအော်လိုက်ခြင်းဖြစ်သည် Jungkook ပုံဆွဲစာအုပ်ကို
မြန်မြန်သိမ်းလိုက်ရသည်"ဟောဗျာ ကိုယ်ကဒီတိုင်းလေးအော်လိုက်တာပါ အဲ့လောက်လန့်စရာလိုလို့လား"
"လိုတယ် Hyung ကအော်လိုက်တော့ Kookie ကလန့်သွားတာပေါ့"
"ဟုတ်ပါပြီဗျာ sorry sorry Hyung က ချာတိတ်နဲ့ နေ့လည်စာအတူတူစားမလို့"
"Hyung...အဲ့...အဲ့တာကလေ မရ..မရလောက်ဘူး"
"ဟင် ဘာလို့လဲ"
"ဟို....ဟိုဟာလေ ကို..ကိုကိုက...."
"Kim Taehyung လား အဲ့ကောင်ဘာပြောလို့လဲ"
"ကိုကိုက....."
"ဟေ့ကောင် ဖယ်စမ်း"
Jungkook ရဲ့စကားမဆုံးခင်မှာပဲ Taehyung ရောက်လာပြီး Mingyu ကိုအော်တဲ့အသံကိုကြားလိုက်ရသည် သူ့ကြောင့်မို့လို့သူများတွေရန်ဖြစ်ရမဲ့ကိစ္စမျိုးကို Jungkook တကယ်မကြိုက်ပါ.....