"သားငယ် Omma ကိုအမှန်အတိုင်းပြောစမ်း Taeလေးနဲ့သားရန်ဖြစ်ထားတာမလား"
"ဟာ မဖြစ်ပါဘူးဆို Omma ကလည်း ကိုကိုကအတန်းကြီးပြီဆိုတော့စာတွေလုပ်ရလို့သိပ်မခေါ်ဖြစ်တော့တာပါ"
"အွန်း အဲ့တာဆိုလည်းပြီးတာပဲ"
"ဟုတ်"
Jungkook သက်ပြင်းခိုးချပြီးအခန်းထဲကိုဝင်လာခဲ့သည် ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ Jungkook အိမ်ထဲကအိမ်ပြင်မထွက်တော့ ခါတိုင်းဆိုရင် Taehyung တို့အိမ်မှာပဲရောက်နေတတ်လွန်းလို့ Omma ကတောင်လိုက်ခေါ်ရတာလေ အခုသူကအိမ်ထဲကအိမ်ပြင်မထွက်တော့ Omma က Taehyung နဲ့သူရန်ဖြစ်ထားတာလားဆိုပြီးဇွတ်မေးခြင်းဖြစ်သည်
"ရန်ဖြစ်တာကမှကောင်းပါအုံးမယ် Omma ရယ် အခုဟာကသူက Kookie ကိုရွံနေတာ ဟင့်"
Jungkook တယောက်တည်းအခန်းထဲမှာထိုင်ရင်းရေရွတ်နေမိသည် Taehyung အကြောင်းကိုစဉ်းစားလိုက်တိုင်းသူမျက်ရည်ကျရသည် ဒါပေမယ့် သူ့နောက်ကိုလိုက်ကပ်ပြီးစိတ်ဆင်းရဲရတာထက် ဝေးဝေးကနေလွမ်းပြီးငိုရတာကပိုပြီးဖြေသာသေးတယ်မလား......
"သားငယ်ရေ အောက်ဆင်းခဲ့ပါအုံး"
"ဟုတ်....လာပြီ Omma"
Jungkook အိမ်အောက်ကိုဆင်းလာခဲ့သည် မြင်လိုက်ရသည့်မြင်ကွင်းကြောင့်အပေါ်ထပ်ကိုပြေးတက်ချင်စိတ်ပေါက်လာသည်
"သားငယ် လာ ဒီမှာ Taeလေးက မုန့်လာပို့တာတဲ့ Omma ချိုင့်သွားလှယ်လိုက်အုံးမယ် သားကိုကိုနဲ့စကားပြောလိုက်အုံး"
"ဟု...ဟုတ်"
ဧည့်ခန်းထဲမှာ Taehyung နဲ့ Jungkook နှစ်ယောက်တည်းကျန်နေခဲ့သည်
Jungkook Taehyung နဲ့အဝေးဆုံးခုံမှာဝင်ထိုင်လိုက်သည် ဘာပြောရမှန်းလည်းမသိတာကြောင့်ငြိမ်ငြိမ်လေးသာနေနေလိုက်သည်"Jungkook....."
"Taehyungshi နေအုံးမှာမလား ကန်တော့နော် ကျွန်တော်ဗိုက်နာလာလို့ Omma လာလိမ့်မယ်နော် ကျွန်တော့်ကိုခွင့်ပြုပါအုံး"
Jungkook Taehyung ကိုညာပြီးထွက်လာခဲ့သည် Omma ဆူလည်းခံလိုက်ရုံပဲရှိသည် သူ့ကိုမချစ်သည့်လူတယောက်ရှေ့ကိုသွားပြီးဒုက္ခမပေးချင်တော့ပါ......