"အန်တီ...ကလေးနဲ့ဖုန်းပြောပြီးပြီလား"
"မပြောရသေးဘူးသားရဲ့ အခု 7နာရီခွဲဆိုတော့ဟိုမှာ 9နာရီခွဲလောက်တော့ရှိပြီထင်တယ် သားငယ်အိပ်နေပြီလားမသိဘူး"
Canada နဲ့ Korea နဲ့ 13နာရီကွာတာဆိုတော့ဖုန်းဆက်ဖို့အချိန်ကခက်ခဲလှသည်...
"အော် ဟုတ် ခဏနေပြောတော့မှာမလား ကျွန်တော်စောင့်နေမလို့.."
"သားရယ် ကိုယ်တိုင်ခေါ်လိုက်ပါ့လားကွယ်..."
Taehyung က သူ Jungkook ကိုဖုန်းဆက်ရင်မကိုင်မှာစိုးတာထက်သူဖုန်းဆက်လိုက်လို့ Jungkook အတွက်အနှောင့်အယှက်ဖြစ်သွားမှာကိုစိုးတာကပိုသည်...Jungkook ကိုဇွတ်လိုက်ပြီးတောင်းပန်တာထက်သူခွင့်လွှတ်တဲ့အချိန်ထိစောင့်ကာခပ်ဝေးဝေးကပဲချစ်ရတာပိုအဆင်ပြေမည်ဟု Taehyung ထင်သည်...
"ရပါတယ် အန်တီရယ် ကျွန်တော့်ကြောင့်ကလေးအနှောင့်အယှက်ဖြစ်သွားမှာစိုးလို့"
"အေးပါကွယ် အန်တီခေါ်လိုက်တော့မယ်နော်"
"ဟုတ်"
Jungkook ရဲ့ Omma က Taehyung ဘေးကိုဝင်ထိုင်ကာ Jungkook ကိုဖုန်းဆက်လိုက်သည် Taehyung ကြားရအောင် speaker ဖွင့်ထားလေသည်...
"ဟယ်လို.."
တစ်ဖက်ကဖုန်းဖြေသည့် Jungkook ရဲ့အသံကအိပ်ချင်မူးတူးလေးဖြစ်နေသည် အသံလေးပဲကြားရတာတောင်အရမ်းချစ်ဖို့ကောင်းနေသည့်ကောင်လေးကအပြင်မှာသာဆိုရင်ဘယ်လောက်တောင်ချစ်ဖို့ကောင်းလာမလဲလို့ Taehyung တွေးနေမိသည်...
"ဟယ်လို သားငယ် အိပ်နေတာလား"
"ဟင့်အင်း အိပ်သေးပါဘူး စာကြည့်နေတာ ခဏနေအိပ်တော့မှာ Ommaရော.."
"ကျွန်မကအခုမှထတာလေရှင် ဘယ်နှယ့်ထပ်အိပ်ခိုင်းနေရတာတုန်း"
"ဟုတ်သားပဲ ဟီးးး Kookie မေ့သွားလို့"
ရယ်သံလွင်လွင်လေးတွေထွက်အောင်ရီမောကာပြောနေသည့်ကောင်လေးရဲ့အသံချိုချိုလေးကို Taehyung ပြုံးကာနားထောင်နေမိသည်...
"ယုန်သွားလေးတွေပေါ်အောင်ရီနေမလား"ဆိုပြီး Taehyung ရဲ့မျက်လုံးထဲမှာ Jungkook ရဲ့မျက်နှာလေးကိုပုံဖော်ကြည့်ရတာလဲအမောဖြစ်သည်...