"အန်တီ..."
"အော် Tae သား လာ...အမလေး ဘာဖြစ်လာတာလဲ လာလာ ထိုင် ရန်ဖြစ်လာတာလား သားရယ် နေအုံး အန်တီဆေးထည့်ပေးမယ်"
Taehyung တယောက်မျက်နှာတခုလုံးရစရာမရှိအောင်သွေးတွေနဲ့ဖူးယောင်နေခြင်းဖြစ်သည်
"ရပါတယ် အန်တီ Kookie ကိုခေါ်ပေးပါ့လားဟင်"
"သားငယ်ကိုလား အေးအေး ခေါ်ပေးမယ် တခါတည်းဆေးထည့်ခိုင်းရမယ် ခဏလေးနော် သား"
"ဟုတ်...."
.
.
.
"သားငယ်ရေ..""ဗျာ"
"လာ အောက်ထပ်ကိုလိုက်ခဲ့အုံး သားကိုကိုရောက်နေတယ်"
"ဟင်...Koo..Kookie မလိုက်ချင်ဘူး မအားဘူးလို့ပြောလိုက်နော် Omma"
"သားငယ် လာဆိုလာစမ်း"
Jungkook သူ့အမေရဲ့အော်သံကိုကြားလိုက်ရတော့လူကတုန်တက်သွားပြီးနှုတ်ခမ်းထော်ကာအခန်းထဲကထွက်လာခဲ့သည်
"ရော့ ဒါပါယူသွား"
Omma က Jungkook ကို medical aid ကြီးပေးလိုက်တော့ Jungkook နားမလည်စွာမော့ကြည့်မိသည်
"ဟင်...ဒါကြီးက.."
"ကဲပါ သားငယ်ရယ် အောက်ရောက်ရင်သိလိမ့်မယ် သွားနှင့် Omma Tae လေးဖို့မုန့်လုပ်လိုက်အုံးမယ်"
"ဟုတ်..ဟုတ်"
Jungkook အတွေးပေါင်းစုံနဲ့အောက်ထပ်ကိုမပြေးရုံတမည်အမောတကောဆင်းလာခဲ့သည် ဧည့်ခန်းထဲရောက်တော့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ငိုချင်လာသည်
Taehyung ရဲ့မျက်နှာမှာထိုးကြိတ်ခံထားရတဲ့သက်သေဖြစ်တဲ့ နှုတ်ခမ်းကွဲဒဏ်ရာတွေ၊မျက်လုံးနားကယောင်နေတာတွေ.....Jungkook Taehyung ဘေးကိုဝင်ထိုင်လိုက်သည် ဘာကိုဘယ်လိုစပြောရမှန်းလဲမသိတော့ medical aid ကြီးကိုသာဖက်ထားပြီးမျက်နှာကိုငုံ့ထားလိုက်သည်"ကလေး...."
Taehyung ရဲ့ခေါ်သံကိုကြားလိုက်ရတော့မှ Jungkook မော့ကြည့်မိသည်
"ဟင်"
"ကိုကို့ကိုဆေးမထည့်ပေးတော့ဘူးလား"
"ထ..ထည့်ပေးမှာပါ"
Jungkook တုန်တုန်ယင်ယင်နဲ့ ဂွမ်းကိုဆေးနဲ့တို့ပြီး Taehyung ရဲ့ဒဏ်ရာတွေကိုလိုက်တို့ပေးနေသည်
Jungkook Taehyung ရဲ့မျက်လုံးတွေကိုမကြည့်မိအောင်အတတ်နိုင်ဆုံးထိန်းပြီးတော့ ဆေးကိုထည့်ပေးနေသည်
Taehyung ကတော့ Jungkook ရဲ့မျက်နှာအစိတ်အပိုင်းတခုချင်းဆီကိုအလွတ်မှတ်မိလောက်အောင်စူးစူးစိုက်စိုက်လိုက်ကြည့်နေသည်