The Fragrance of Love
🍓 အပိုင်း 23 🍓
ပိုးသား ဒီမနက် ရုံးတက်တော့ အားလုံးက သူမကိုကြည့်ပြီး ခေါင်းလေးငုံ့ကာ အရိုအသေ ပြုသွားကြတာမို့အထူးအဆန်းဖြစ်နေရသည်။
ပြီးသွားမှ မနေ့က ဥက္ကဌကြီးကြေညာခဲ့သည့်ကိစ္စကြောင့်နေရမည်ဟု သွားပြီးသတိရလိုက်သည်။
အရင်လို အကြည့်မျိုးတွေနဲ့ အတင်းအဖျင်းပြောကြတာ မဟုတ်တော့ပေမယ့်လဲ ဒီလိုအနေအထားကြီးနဲ့ သူမကို ဆက်ဆံသွားကြတာကလဲ ပိုးသားအတွက် အဆင်မပြေလှပါ။
ရုံးခန်းထဲရောက်တော့ အလုပ်စားပွဲမှာ ၀င်ထိုင်လိုက်ပြီး လုပ်စရာရှိတဲ့အလုပ်ကို လုပ်နေတုန်းမှာပဲ ကလျာက သူမအနားရောက်လာကာ စကားလာပြောသည်။
"မပိုး .... ဟိုလေ နားနေခန်းမှာ ကော်ဖီထုပ်လေးတွေကုန်နေပြီမို့ ကလျာ အောက်ထပ်က ဆိုင်မှာ ကော်ဖီသွား၀ယ်မို့ အဲ့တာ ဘာမှာဦးမလဲဟင် .... "
"ဟင် .... ဟို မမှာတော့ပါဘူး ကလျာ... ကျေးဇူးနော် .... "
"ဒါဆို ကလျာသွားတော့မယ်နော်.... "
"အေးအေး ညီမလေး "
ကလျာ ကော်ဖီ၀ယ်ဖို့ထွက်သွားတော့မှ မမိုးက အားလုံးအဆင်ပြေသွားပြီဆိုသောအဓိပ္ပါယ်ပါသည့် အကြည့်လေးနဲ့ ကြည့်လာပြီး သူမအား လက်မလေး ထောင်ပြလာသည်။
ဟူး ... ညစာစားပွဲလေး တစ်ခုကနေ အခြေအနေတွေအားလုံးက တစ်ရက်တစ်မနက်အတွင်းမှာ ရုတ်ချည်း ပြောင်းလဲကုန်တော့တာပင်။
"ပိုးသားရေ ....ငါ့ကို ဒီဟာလေး print ထုတ်ပေးပါလား .... "
"ဟုတ် ဂျာကြီး .... "
ဂျာကြီးက သူ့စားပွဲကနေ လှမ်းပြောတာမို့ ပိုးသား အသံပြန်ပြုလိုက်သည်။
ထို့နောက် သူမမှာ ထိုင်ခုံမှ ထရုံပဲရှိသေးသည် ဂျာကြီးက အလန့်တကြားဖြင့် ....
"အာ ဟုတ်သားပဲ .... နေနေ .... ငါအပြင်ထွက်စရာရှိသေးတယ် .... အဲ့တာ အပြင်ထွက်ရင်းနဲ့ပဲ တစ်ခါထဲ print ထုတ်လိုက်တော့မယ်..... လုပ်စရာမလိုတော့ဘူးနော် ပိုးသား....."
"မဟုတ်တာ ဂျာကြီးရဲ့ .... ပိုးလုပ်ပေးပါ့မယ်..... "
"ရတယ် .... ရတယ် .... အပြင်ထွက်စရာရှိသေးတာကို အခုမှ သတိရသွားလို့ .... "
YOU ARE READING
🍓 The Fragrance Of Love 🍓