The Fragrance of Love
🍓 Part-3 🍓
"ဒီဦးဦးက ဘယ်သူလဲဟင် မေမေ"
မျက်နှာချင်းဆိုင်မှ ချစ်စရာကလေးလေးက အအေးဘူးလေး စုပ်သောက်ရင်းနဲ့ သူ့ကို တစ်ချက်တစ်ချက်ခိုးကြည့်ကာ
အမေဖြစ်သူအား မေးခွန်းထုတ်လာလျှင်
ရတု ပြုံးလိုက်မိသည်။"ဦးဦးက သားမေမေရဲ့ ရုံးကပါ .... "
ကလေးက သူ့အမေကို မေးတာဆိုပေမယ့် ပြန်ဖြေလိုက်မိတာက ရတုဖြစ်နေသည်။
"ဒါဆို သားသားလေးရဲ့ မေမေနဲ့ သူငယ်ချင်းလားဟင် "
သူငယ်ချင်းလားဆိုသည့် ကလေးအပြောကြောင့် ရတု ရယ်လိုက်မိသလို ပိုးသားကလဲ သားကို မျက်နှာပူစွာဖြင့် ဟန့်တားလိုက်မိသည်။
"သားလေး... ဒီဦးဦးနဲ့ မေမေနဲ့က သူငယ်ချင်း မဟုတ်ဘူး သားရဲ့.... ဦးဦးက မေမေ့အထက်အရာရှိပါ "
"အထက်အရာရှိဆိုတာ ဘာကိုပြောတာလဲဟင် မေမေ "
သူ မကြားဖူးသည့် စကားလုံး အသစ်အဆန်းလေးတစ်လုံး ကြားလိုက်ရပြီဆိုတာနဲ့ သားက သိချင်လိုစိတ်ဖြင့်
အခုလိုမျိုး ဆက်တိုက်ကိုမေးတော့တာဖြစ်သည်။"အထက်အရာရှိဆိုတာ မေမေ့ထက် ရာထူးကြီးတဲ့သူ့ကို ပြောတာ သားရဲ့ .... "
"သားသားလေးနဲ့ ကိုကိုဂျွန်နီလိုမျိုးလား မေမေ "
သားက အိမ်ဘေးနားက သူ့ထက် ၄နှစ်ကြီးပြီး အတန်းကြီးသည့် ဂျွန်နီလေးကို သွားသတိရပြီး ပြန်မေးသည်မို့ ပိုးသား ခေါင်းငြိမ့်လိုက်ရသည်။
"အွန်း သားသားနဲ့ ကိုကိုဂျွန်နီလိုမျိုးပဲ"
သားက သူသိချင်တာလေးကို သိသွားရပြီမို့ ခေါင်းလေးငြိမ့်ကာ ကျေနပ်ပြုံးလေးနဲ့ မစ်ရှိတ်လေးကို ပြန်ပြီးစုပ်သောက်နေသည်။
"သားလေးက ချစ်စရာလေးနော်.... နာမည်ဘယ်လိုခေါ်လဲ ဦးဦးကိုပြောပြပါလား .... "
"ဆက်ရတုပါ ဦးဦး "
ကလေးက သူ့မေးခွန်းကို သွက်သွက်လက်လက်လေးပြန်ဖြေလာပြီး ကြားလိုက်ရသည့်နာမည်လေးကြောင့် ရတု မျက်ခုံးပင့်သွားမိသည်။ ဆက်ရတု တဲ့လား။
ESTÁS LEYENDO
🍓 The Fragrance Of Love 🍓