The Fragrance of Love
🍓 အပိုင်း 24 🍓
ရတု ရေချိုးပြီးသွားတဲ့နောက် မျက်နှာသုတ်ပု၀ါနဲ့ ကိုယ်ကိုသုတ်နေတုန်း ရှိသေးသည် ကြားလိုက်ရသည့် တံခါးခေါက်သံလေးကြောင့် သွားဖွင့်ပေးလိုက်တော့ သားလေး ဖြစ်နေသည်။
သားက တံခါးပေါက်၀လေးမှာရပ်နေပြီး သူ့အား ပြုံးပြနေသည်မို့ ရတု သားလေးအားပြန်ပြုံးပြလိုက်ကာ ပွေ့ချီလိုက်သည်။
"သားသား .... အပေါ်ကို တစ်ယောက်ထဲတက်လာတာလား .... "
"ဟုတ် ဖေဖေ .... ဘိုးဘိုးကြီးက ဖေဖေအပေါ်မှာရှိတယ်ဆိုလို့တက်လာတာ ..... "
"လှေကားပေါ်တစ်ယောက်ထဲ တက်လာရတယ်လို့ သားရယ် .... ပြုတ်ကျနေမှဖြင့် .... "
"သားသားလေးက လှေကားပေါ်တက်တတ်ပါတယ် ဖေဖေရဲ့ ..... "
ရတု သားရဲ့ စကားကြောင့် သဘောကျစွာရယ်လိုက်မိကာ သားရဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို မွှေးကြူလိုက်မိ၏။
"အဟွန်းဟုတ်ပါပြီကွာ..... လာ ဒီ အိပ်ရာပေါ်မှာ ခဏထိုင်နေဦးနော်.... ဖေဖေ အင်္ကျီလဲလိုက်ဦးမယ် .... "
"ဟုတ်ဖေဖေ...."
ရတု သားကို သူ့အိပ်ရာပေါ်သို့ ချပေးလိုက်ပြီး နောက်ဗီဒိုထဲမှ အင်္ကျီတစ်ထည်ကို အမြန်ထုတ်ကာ၀တ်လိုက်သည်။
သူ အင်္ကျီကြယ်သီး တပ်နေတုန်းမှာပဲ
သားလေးက သူ့အိပ်ရာပေါ် သို့ လှဲချလိုက်ကာ ပျော်ရွှင်နေဟန်ဖြင့် ...."ဖေဖေ့ အိပ်ရာက အိပ်လို့ ကောင်းလိုက်တာ.... အကျယ်ကြီးပဲနော်... သားသားလေးနဲ့ မေမေ့အိပ်ရာဆို သေးသေးလေး.... "
ရတု အင်္ကျီရော ဘောင်းဘီရော ၀တ်ပြီးသွားလျှင် သားလေးအိပ်နေသည့်ဘေးသို့
၀မ်းလျား၀င်မှောက်လိုက်သည်။"သားသားက ဖေဖေ့ အိပ်ရာကို ကြိုက်လို့လား ..... "
"သားသားကြိုက်ကြိုက် .... "
"သားသားကြိုက်ရင် ဒီည ဒီမှာ ဖေဖေတို့အိပ်ကြမလား ..... ဖေဖေရယ် မေမေရယ် သားသားရယ်လေ .... သားသားလေးက ဖေဖေနဲ့ မေမေ့ရဲ့ အလယ်မှာ အိပ်ပေါ့ ...... "
YOU ARE READING
🍓 The Fragrance Of Love 🍓